DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာမည်ဟု သမ္မတ ထပ်မံကတိပေး
DVB
·
November 7, 2015
ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာမည်ဟု သမ္မတ ထပ်မံကတိပေး
Donate to DVB

အစိုးရနဲ့ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာမှာဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့ကို လက်ခံသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ထပ်မံ ကတိပေးပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၆ ရက်နေ့က နိုင်ငံတ၀န်းကို ရေဒီယိုကနေ ပြောကြားတဲ့ ရွေးကောက်ပွဲ အကြို မိန့်ခွန်းမှာ ကတိပေးပြောကြားလိုက်တာပါ။

အစိုးရအနေနဲ့ တပ်မတော်သားတွေ၊ ပြည်သူ့ဝန်ထမ်းတွေ အပါအဝင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတယောက်စီတိုင်း လွတ်လပ်စွာမဲပေးခွင့်ရဖို့ ကြိုးပမ်းဆောင်ရွက်ထားတယ်လို့လည်း ပြောပါတယ်။

ဒီရွေးကောက်ပွဲဟာ တရားမျှတလွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများရဲ့ ဆန္ဒသဘောထားကို မှန်ကန်စွာ ထင်ဟပ်ပြသနိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးအင်အားစုအားလုံးအနေနဲ့လည်း မဲဆန္ဒရှင်ပြည်သူတွေရဲ့ အဆုံးအဖြတ်ကို တညီတညွတ်တည်း သဘောထားကြီးကြီး လက်ခံကြရမယ်လို့လည်း သမ္မတဦးသိန်းစိန်က ပြောပါတယ်။

ဒါ့အပြင် ခုလို မြန်မာနိုင်ငံ အနာဂတ်အတွက် အရေးကြီးပြီး ကမ္ဘာကလည်း စောင့်ကြည့်နေတဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီးနဲ့ နိုင်ငံရေး ရွေးချယ်မှုတွေ ပြုလုပ်ဖို့နဲ့ ပြည်သူတွေကလည်း မိမိတို့ရဲ့ ဆန္ဒမဲတစ်ပြားကို လွတ်လပ်စွာ ဆန္ဒပြုကြဖို့  တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံသမိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံး ၀င်ရောက်ယှဉ်ပြိုင်မယ့် ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့  ၂ ရက်အလိုမှာ   အစိုးရကရော တပ်မတော်ကပါ  ရွေးကောက်ပွဲရလဒ်ကို လက်ခံမယ်လို့  သမ္မတက ပြည်သူလူထုကိုရော  နိုင်ငံတကာကိုပါ ကတိပေးပြောကြားလိုက်တာပါ။

ပြီးခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့  ပါတီစုံအထွေထွေရွေးကောက်ပွဲမှာတော့  ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် မပေးဘဲ စစ်အာဏာရှင်စနစ်နဲ့  ဆယ်စုနှစ် ၂ စုကျော် အုပ်ချုပ်ခဲ့တဲ့  မြန်မာ့ရွေးကောက်ပွဲ သမိုင်း နာမည်ပျက်ရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013