DVB Logo
Home
မြန်မာသတင်း
ပုဗ္ဗသီရိမြို့နယ် မဲစာရင်းတွင် တိုးလာသည့် လူ ၁ သောင်းကျော်အတွက် စိစစ်ရန်ခက်ခဲ
DVB
·
November 7, 2015
ပုဗ္ဗသီရိမြို့နယ် မဲစာရင်းတွင် တိုးလာသည့် လူ ၁ သောင်းကျော်အတွက် စိစစ်ရန်ခက်ခဲ
Donate to DVB

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ မဲစာရင်းမှာ လူ ၁ သောင်းကျော် တိုးလာခဲ့ပြီး အဲဒီလူတွေ တကယ်ရှိ၊ မရှိ စိစစ်ဖို့ ခက်ခဲနေတယ်လို့ အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်က ပြောပါတယ်။

"အရင်နှစ်ကြိမ်တုန်းကလည်း မဲဆန္ဒရှင်တွေရဲ့ နေရပ်လိပ်စာမပါဘူး။ ဒါပေမယ့် အချိန်ရှိတော့ စုံစမ်းလို့ ရခဲ့တယ်။ ခု နောက်ဆုံးအကြိမ်မှာတော့ လူဦးရေ ၁ သောင်းကျော်အတွက် လိပ်စာ မပါတော့ စုံစမ်းဖို့ မလွယ်တော့ဘူး" လို့ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးဆန်းဝင်းက ပြောပါတယ်။

ဒုတိယအကြိမ် မဲစာရင်းမှာ လူဦးရေ ၅ သောင်း ၉ ထောင်ကျော်ရှိရာကနေ နောက်ဆုံးစာရင်းမှာတော့ ဖြည့်စွက် လျှောက်ထားသူတွေပါဝင်လာပြီး ၇ သောင်းကျော် ဖြစ်လာခဲ့တာပါ။

ဒီအတွက် မြို့နယ်ကော်မရှင်ကို နိုဝင်ဘာ ၄ ရက်နေ့က သွားရောက်စုံစမ်းခဲ့ပါတယ်လို့ ဦးဆန်းဝင်းက ပြောပါတယ်။

"ကော်မရှင်ကိုပြောတော့ အချိန်နဲ့တပြေးညီ လုပ်နေရတဲ့အတွက် လိပ်စာထည့်ဖို့ အဆင်မပြေဘူးလို့ပြောတယ်။ သိချင်ရင်တော့ လျှောက်လွှာထဲကနေ ကူးယူဖို့ပြောပေမယ့် အခုအချိန်မှာ မဖြစ်နိုင်တော့ဘူး" လို့ သူက ပြောပါတယ်။

"အများစုကတော့ တပ်ပုဗ္ဗလို့ ခေါ်တဲ့ အငြိမ်းစားတပ်မတော်သားတွေနေတဲ့ ရပ်ကွက်တွေက ဖြစ်နေတော့ ပါတီဝင်တွေမရှိသလောက်ဖြစ်တဲ့အတွက် စုံစမ်းအတည်ပြုဖို့ ခက်နေတာ" လို့လည်း သူက ဆက်ပြောပါတယ်။

အကြိမ်ကြိမ်ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းမှာ အမှားအယွင်းတွေရှိနေပြီး လူထုဘက်က ပြင်ဆင်ခဲ့ပေမယ့် ဆက်မှား နေတာတွေ ရှိနေတုန်းပဲလို့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013