DVB Logo
Home
မြန်မာသတင်း
ပါတီကြီးတခု၏ဝေဖန်မှုကြောင့် မဲစာရင်းအမှန်မဖြစ်ခဲ့ဟု ကော်မရှင်ထုတ်ပြန်
DVB
·
November 6, 2015
ပါတီကြီးတခု၏ဝေဖန်မှုကြောင့် မဲစာရင်းအမှန်မဖြစ်ခဲ့ဟု ကော်မရှင်ထုတ်ပြန်
Donate to DVB

ပါတီကြီးတခုရဲ့ ဝေဖန်ပြစ်တင်မှုကြောင့် သတ်မှတ်ကာလအတွင်း မဲစာရင်း လာရောက်ကြည့်ရှုခဲ့သူ နည်းပါးခဲ့ပြီး မဲစာရင်းအမှန်များ မဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားလိုက်ပါတယ်။

မဲဆန္ဒရှင်သက်သေခံလက်မှတ်တွေကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့  နိုဝင်ဘာလ ၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားတာဖြစ်ပြီး ဘယ်ပါတီကြီး လဲဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ကော်မရှင်အနေနဲ့  အကြိုမဲစာရင်းတွေ ပြုစုပြီးမြို့နယ်အလိုက် ၄ကြိမ်ကပ်ထား ကြေညာခဲ့တဲ့ အကြောင်း၊ မဲစာရင်းကပ်ချိန်မှာ မှားနေတဲ့ မဲစာရင်းတွေကို ပြစ်တင်ဝေဖန်ပြီး မဲဆန္ဒရှင်တွေကို မဲစာရင်းမှန်ကန်ရေး ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံရေးပါတီတွေက ပြောဆိုစည်းရုံးခဲခြင်း မရှိခဲ့လို့ မှန်ကန်တဲ့ မဲစာရင်းဖြစ်ပေါ်မလာခဲ့ဘူးလို့လည်း ကော်မရှင်က ပြစ်တင် ဝေဖန်ထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ ထုတ်ပေးထားတဲ့ မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေ ဖောင်းပွနေတဲ့အကြောင်းနဲ့ တကြိမ်ထက်မဲပိုပေးလာပါက ဥပဒေအရ အရေးယူသွားမယ်လို့ လည်းကော်မရှင်က သတိပေးလိုက်ပါတယ်။

ဆန္ဒမဲပေးရာမှာ လွယ်ကူမြန်ဆန်အဆင်ပြေစေဖို့  သက်သေခံလက်မှတ်တွေကို ကော်မရှင်က ထုတ်ပေးနေရာမှာ မဲစာရင်းမှာ အမည်စာရင်းထပ်နေသူတွေပါနေတဲ့ အတွက် သက်သေ ခံလက်မှတ်တွေ ဖောင်းပွနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တကြိမ်ထက်ပိုပြီး မဲမပေးနိုင်အောင် မဲပေးပြီးချိန်မှာ လက်ချောင်းမှာ ဖျက်မရတဲ့ မင်တို့ ဆောင်ရွက်ပေးထားမယ်လို့လည်းကော်မရှင်ထုတ်ပြန်ချက် မှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013