DVB Logo
Home
မြန်မာသတင်း
ပုလောမြို့နယ် ငါးဖမ်းစက်လှေတခုပေါ်တွင် လူသတ်ပြီး လှေကို မီးရှို့
DVB
·
November 5, 2015
ပုလောမြို့နယ် ငါးဖမ်းစက်လှေတခုပေါ်တွင် လူသတ်ပြီး လှေကို မီးရှို့
1 / 2
Donate to DVB

တနသာင်္ရီတိုင်းဒေသကြီး ပုလောမြို့နယ်ရဲ့ အနောက်မြောက် ရေမိုင်သုံးမိုင်လောက်အကွာမှာ နိုဝင်ဘာလ ၄ ရက်နေ့က ရေလုပ်သား အယောက်လေးဆယ်ကျော်ပါတဲ့ ငါးဖမ်းစက်လှေပေါ်မှာ လူတဦးကို သတ်ပြီး စက်လှေကို မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။

ပင်လယ်ပြင်မှာ ငါးဖမ်းထွက်ရင်း စက်လှေပေါ်ပါပါတဲ့ လှေလုပ်သားတဦးက တခြားလှေလုပ်သားတွေကို ဓားနဲ့ လိုက်ခုတ်လို့ ၁ ဦး သေဆုံးသွားပါတယ်။

အဲ့ဒီနောက် လူသတ်မှု ကျူးလွန်တဲ့သူက အဲ့ငါးဖမ်းစက်လှေကို မီးပါရှို့ပစ်လိုက်တယ်လို့ စက်လှေပေါ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို  ကိုယ်တွေ့ကြုံခဲ့တဲ့ လှေလုပ်သားတဦးက ပြောပါတယ်။

“စက်လှေကို မောင်းပို့နေရင်း စိတ်ဖောက်လာပြီးတော့ လှေသားတွေကို ဓားနဲ့ လိုက်ခုတ်တယ်။ လူတွေလည်း လန့်ပြီး ပြေးကြရတယ်။ အဲ့ချိန်မှာ သူက လှေပေါ်မှာရှိတဲ့ ဂတ်စ်ပေါက်ကို ဓားနဲ့ ခုတ်လိုက်တယ်။ စက်အင်ဂျင်ခန်းထဲကို ဓာတ်ငွေ့တွေ လွှတ်သွင်းပြီး လှေကို မီးရှို့ပစ်လိုက်တယ်။ ကျနော်တို့က ဟိုးအပေါ်ကနေ ရေထဲခုန်ချရတယ်။ လှေမီးလောင်နေတဲ့အချိန်မှာ သူက လှေသားတယောက် သတ်ပစ်လိုက်တယ်။”

စက်လှေမီးလောင်လို့ ပင်လယ်ထဲခုန်ချခဲ့တဲ့ ရေလုပ်သား လေးဆယ်ကျော်ကိုတော့ ကျွန်းစု ရေတပ်စခန်းဌာနချူပ်က စက်ရေယာဉ်အမှတ် ၁၁၄ က သွားကယ်ခဲ့ပြီး နိုဝင်ဘာ ၅ ရက်မှာ အဲ့ဒီလှေလုပ်သား လေးဆယ်ကျော်ဟာ မြိတ်မြို့ကို ပြန်ရောက်ခဲ့ကြပါတယ်။

စက်လှေမီးလောင်မှုထဲမှာ အသတ်ခံရတဲ့ အလောင်း ပါသွားပြီး လူသတ်မှု ကျူးလွန်တဲ့သူကို ရေတပ်က မြိတ်မြို့မရဲစခန်းကို အပ်လိုက်တယ်လို့ ဆိုပါတယ်။

မီးလောင်တဲ့စက်လှေကတော့ မြိတ်မြို့က ဦးသုခလှေအုပ်စုက လှေဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်မှာ ရေလုပ်သားတဦး အသတ်ခံခဲ့ရပြီး ပြန်လွတ်လာတဲ့သူတွေကတော့ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ ပြောပါတယ်။

12189546_848496808604865_8528161231168353072_n“လှေက ပေါက်ကွဲသွားတယ်။ ဒါပေမယ့် လှေပေါက်ကွဲတဲ့အချိန်မှာ ကျနော်တို့ အဝေးကိုရောက်နေပြီ။ မီးလုံးကြီးတွေ တက်လာတယ်၊ အသံအကျယ်ကြီးနဲ့ ပေါက်ကွဲသွားတာ။ အဲ့အချိန်ကျမှာ မီးရှို့တဲ့သူ ရေထဲခုန်ချလိုက်တာ တွေ့လိုက်ရတယ်။

မြိတ်မြို့မရဲစခန်းမှာတော့ ဒီအမှုနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်ပြောဆိုတာ မရှိသေးဘဲ လူသတ်မှု ကျူးလွန်တဲ့သူကို ပုလောမြို့နယ်ရဲစခန်း လွှဲပြောင်းပေးမယ်လို့ ဆိုပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မြတ်သူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013