DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရွေးကောက်ပွဲကို ဂျပန်နိုင်ငံက အဖွဲ့ဝင် ၈ ဦးဖြင့် စောင့်ကြည့်မည်
DVB
·
November 5, 2015
မြန်မာ့ရွေးကောက်ပွဲကို ဂျပန်နိုင်ငံက အဖွဲ့ဝင် ၈ ဦးဖြင့် စောင့်ကြည့်မည်
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို အဖွဲ့ဝင် ၈ ဦးနဲ့ ဂျပန်က ရွေးချယ်လိုက်ပါတယ်။

ဂျပန်နိုင်ငံက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့မှာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ လွှတ်တော်အမတ်များ သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ မစ္စတာ နာကာဂါဝါ မာဆာဟာရူ (Mr.Nakagawa Masaharu) နဲ့ အထက်လွှတ်တော် ဥက္ကဋ္ဌဟောင်း မစ္စတာ အီဒါ ဆတ်ဆူကီ (Mr.Eda Satsuki) တို့ အပါအ၀င် ဂျပန်လွှတ်တော်အမတ် ၄ ဦး၊ ဂျပန်ရှေ့နေကြီးများနဲ့ ဂျပန်အန်ဂျီအိုတွေက ၄ ဦး၊ စုစုပေါင်း ၈ ဦး ပါဝင်ပါတယ်။

စောင့်ကြည့်လေ့လာရေးအဖွဲ့ဟာ ၂ ဖွဲ့ခွဲပြီး ရန်ကုန်အပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုပါ သွားရောက်လေ့လာဖို့ ရှိပါတယ်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲကို မိမိတို့ သွားပြီး လေ့လာစောင့်ကြည့်ခြင်းဖြင့် ရွေးကောက်ပွဲ မဲပေးမှုတွေမှာ မသမာမှု၊ မတရားမှုတွေ အဟန့်အတား တခုအဖြစ် အကျိုးရှိစေချင်လို့ သွားမှာပါလို့လည်း မစ္စတာ နာကာဂါဝါ မာဆာဟာရူက ဆိုပါတယ်။

အမှန်တကယ် ပွင့်လင်းမြင်သာတဲ့ စောင့်ကြည့်လေ့လာနိုင်တဲ့ အခွင့်အရေးတွေ ရရှိဖို့ မျှော်လင့်ပါတယ်လို့ ပြောတဲ့ မစ္စတာ အီဒါ ဆတ်ဆူကီကတော့ အရှေ့တီမော ရွေးကောက်ပွဲမှာ ၂ ကြိမ် သွားရောက်လေ့လာ စောင့်ကြည့်တဲ့ အတွေ့အကြုံ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013