DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်သမ္မတ ပါတီလုပ်ငန်းများ ဆောင်ရွက်နေကြောင်း အန်အယ်လ်ဒီ တိုင်ကြား
DVB
·
November 5, 2015
နိုင်ငံတော်သမ္မတ ပါတီလုပ်ငန်းများ ဆောင်ရွက်နေကြောင်း အန်အယ်လ်ဒီ တိုင်ကြား
Donate to DVB

နိုင်ငံတော်သမ္မတရဲ့ ပြည်တွင်းခရီးစဉ်တွေမှာ ပါတီလုပ်ငန်းတွေကို ဆောင်ရွက်နေလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားစာ ပို့လိုက်ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့ ရက်စွဲနဲ့ပို့တဲ့ အဲဒီစာမှာ သမ္မတရဲ့ ခရီးစဉ်တွေမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေက ကြိုဆိုတာ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ တွေ့ဆုံတာ၊ ကြိုဆိုတဲ့သူတွေက ဥက္ကဋ္ဌကြီး ကျန်းမာပါစေလို့ နှုတ်ဆက်တာတွေကို ရက်စွဲနဲ့ ဖော်ပြထားပါတယ်။

နိုင်ငံတော်သမ္မတရဲ့ ခရီးစဉ်တွေကို ဖော်ပြနေတဲ့ နိုင်ငံပိုင် သတင်းစာတွေမှာလည်း ကြိုဆိုသူတွေက ပြည်ခိုင်ဖြိုး နဖူးစည်း၊ ဦးထုပ်၊ အင်္ကျီ၊ အလံတွေနဲ့ လာရောက်ကြတာကို ဦးစားပေး ဖော်ပြနေကြတာပါ။

ဒါ့အပြင် နိုဝင်ဘာ ၃ ရက်နေ့ နိုင်ငံပိုင်သတင်းစာမှာတော့ မြောက်ဦးမြို့ကို ရောက်နေတဲ့ သမ္မတရဲ့ ဘုရားထီးတင်ပွဲကိုလည်း ပါတီအင်္ကျီ၊ ဦးထုပ် ၀တ်ဆင်ထားသူတွေ အများကြီး တက်ရောက်လာတာကို တွေ့ရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်သမ္မတနဲ့ ဒု-သမ္မတတွေဟာ ပါတီဝင်ဖြစ်ခဲ့တယ်ဆိုရင် တာဝန်ထမ်းဆောင်နေတဲ့ ကာလအတွင်း ပါတီအလုပ်တွေမှာ ဆောင်ရွက်ခြင်း မရှိရလို့ ပြဋ္ဌာန်းထားပါတယ်။

သမ္မတကို ဒီလိုကြိုဆို တွေ့ဆုံကြရာမှာ တခြားနိုင်ငံရေးပါတီတွေ မပါတဲ့အတွက် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြု လှုပ်ရှားနေတာ ထင်ရှားပြီး ဒီလိုလုပ်တာဟာ ဥပဒေနဲ့ သမ္မတရဲ့ ကတိသစ္စာကို ချိုးဖောက်ရာရောက်တယ်လို့ အန်အယ်လ်ဒီရဲ့စာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013