DVB Logo
Home
မြန်မာသတင်း
ဖမ်ဆီးခံ ကျောင်းသားခေါင်းဆောင်များကို ပုဒ်မ ၅ ခုဖြင့် တရားစွဲရုံးထုတ်မည်
DVB
·
November 4, 2015
ဖမ်ဆီးခံ ကျောင်းသားခေါင်းဆောင်များကို ပုဒ်မ ၅ ခုဖြင့် တရားစွဲရုံးထုတ်မည်
Donate to DVB

မကြာသေးခင်က ဖမ်းဆီးခံခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်တဦးဖြစ်တဲ့ ဂျိမ်း (ခေါ်) ကိုလင်းထက်နိုင်ကို ဒီကနေ့ ရန်ကုန် ကမာရွတ်မြို့နယ် တရားရုးမှာ ယမန်ယူပြီး နိုဝင်ဘာလ ၅ ရက်နေ့ ရုံးထုတ်မယ်လို့  ဗကသ အဖွဲ့ဝင် ကိုအောင်နေပိုင်က ပြောပါတယ်။

ကိုလင်းထက်နိုင်ဟာ ပညာရေးဥပဒေကို သပိတ်မှောက်တဲ့ တခြားကျောင်းသား တွေနဲ့အတူ ပုဒ်မ ၅ ခု နဲ့ ဖမ်းဝရမ်းထုတ်ခံရသူ ဖြစ်ပြီး နိုဝင်ဘာ ၃ ရက်နေ့ကမှ  သူ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

နိုဝင်ဘာ ၅ ရက်နေ့မှာ ကိုလင်းထက်နိုင်အပါအ၀င် တခြား ဖမ်းဆီးခံကျောင်းခေါင်းဆောင် ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင် တို့နဲ့အတူ ရုံးထုတ်ဖို့ရှိ တယ်လို့ ကိုအောင်နေပိုင်က ပြောပါတယ်။

“ကျော်ကိုကိုရော၊ သူရော၊ မပိုပို၊ နန္ဒစစ်အောင်တို့နဲ့တွဲပြီးတော့ ထုတ်မှာပေါ့။ ပိုပိုရယ်၊ ၀င်းကျော်မှူးရယ်၊ နန္ဒစစ်အောင်ရယ်ဆို ၃ ယောက်နဲ့ သူတို့ ၂ ယောက်နဲ့ ဆို ၅ ယောက်ရုံးထုတ်မှာ။”

သူတို့ကို ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန်အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုဝေးတွင် ပါဝင်နေမှု)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ ပုဒ်မ ၃၃၂ (ပြည်သူ့ဝန်ထမ်းအား ၀တ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) တွေနဲ့ တရားစွဲဆို ရုံးထုတ်မယ်လို့လည်း ကိုအောင်နေပိုင်က ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ငြိမ်းချမ်းစွာသပိတ်မှောက်ခဲ့ရာမှာ ဦးဆောင်ပါဝင်ခဲ့မှုနဲ့  ဖမ်းဝရမ်းထုတ်ခံခဲ့ရတဲ့ ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုကိုတော့  ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ ရဲတပ်ဖွဲ့က  ဖမ်းဆီးခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ကြတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေ သာယာဝတီထောင်မှာ  တရားစွဲဆို ချုပ်နောင်ခံနေရပြီး နိုင်ငံရေး အကျဉ်းအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက်လည်း ဗကသကျောင်းသားတွေ ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013