DVB Logo
Home
မြန်မာသတင်း
ဖုန်းလိုင်းပြတ်မှုကြောင့် ကိုကိုးကျွန်းဒေသခံများကို ဒေါ်အောင်ဆန်းစုကြည် ဖုန်းဆက်မည့် အစီအစဉ် ပျက်
DVB
·
November 4, 2015
ဖုန်းလိုင်းပြတ်မှုကြောင့် ကိုကိုးကျွန်းဒေသခံများကို ဒေါ်အောင်ဆန်းစုကြည် ဖုန်းဆက်မည့် အစီအစဉ် ပျက်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကိုကိုးကျွန်းမြို့နယ် ပြည်သူတွေနဲ့ အန်အယ်လ်ဒီ ပါတီဝင်တွေကို နိုဝင်ဘာ ၃ ရက် မနေ့ ညနေပိုင်းမှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး မိန့်ခွန်းပြောကြားဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလိုင်းပြတ်တောက်နေတာကြောင့် အစီအစဉ် ပျက်သွားပါတယ်။

ဒေသခံတွေကို ကိုကိုးကျွန်းမြို့နယ် အန်အယ်လ်ဒီပါတီရုံးမှာ စုခိုင်းထားပြီး ညနေ ၅ နာရီ ရန်ကုန်အိမ်ကနေ ဖုန်းနဲ့ ပြောဖို့ စီစဉ်ခဲ့တာပါ။

အဓိကအားဖြင့် ကိုကိုးကျွန်းပြည်သူတွေကို အကြောက်တရားကင်းကင်းနဲ့ မဲပေးနိုင်ဖို့နဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးတာ ဖြစ်တယ်လို့ ကိုကိုးကျွန်းမြို့နယ် အန်အယ်လ်ဒီ ပါတီဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမယ့် မနေ့က ညနေ ၅ နာရီကနေ ညနေ ၆ နာရီအတွင်း ဖုန်းခေါ်ဆိုမှု အကြိမ် ၃၀ ကျော် ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်တဲ့အတွက် မိန့်ခွန်းပြောမယ့် အစီအစဉ် ပျက်သွားပါတယ်။

ကိုကိုးကျွန်းမြို့နယ်ဟာ အရင် ကာကွယ်ရေးဦးစီးချုပ် (ရေ) အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း သူရဦးသက်ဆွေက ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်တဲ့ နယ်မြေလည်းဖြစ်ပြီး တခြားပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးကို တခြားဒေသတွေထက် အချိန်နောက်ကျပြီးမှ ခွင့်ပြုပေးခဲ့ပါတယ်။

ကိုကိုးကျွန်းနယ်မြေမှာ ဂျီအက်စ်အမ်ဖုန်းကွန်ရက် မမိဘဲ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းလုပ်ငန်းက ထိန်းချုပ်ထားတဲ့ CDMA 800 MHz- 2000x ဖုန်းလိုင်းတွေပဲ မိတဲ့ဒေသဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013