DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကြောင့် ကရင်ပြည်နယ်နေ့ကို နိုဝင်ဘာ ၁၀ ရက်မှ ကျင်းပမည်
DVB
·
November 4, 2015
ရွေးကောက်ပွဲကြောင့် ကရင်ပြည်နယ်နေ့ကို နိုဝင်ဘာ ၁၀ ရက်မှ ကျင်းပမည်
Donate to DVB

နှစ်စဉ် နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ကျင်းပလေ့ရှိတဲ့ ကရင်ပြည်နယ်နေ့ကို ရွေးကောက်ပွဲကြောင့် နိုဝင်ဘာ ၁၀ ရက်နေ့မှ ရွှေ့ဆိုင်းကျင်းပမယ်လို့ ကရင်ပြည်နယ် တာဝန်ရှိသူတွေက အသိပေး ကြေညာထားပါတယ်။

လာမယ့် နိုဝင်ဘာ ၇ ရက်နေ့ဟာ ကရင်ပြည်နယ်ရဲ့ နှစ် ၆၀ ပြည့် ကျင်းပပြုလုပ်ဖို့ရှိပြီး ကရင်အဖွဲ့အစည်းပေါင်းစုံက စည်စည်ကားကား ပူးပေါင်းကျင်းပကြဖို့ စီစဉ်ထားပါတယ်။

နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်တာကြောင့် ၇ ရက်နေ့မှာ ဖွင့်ပွဲသာလုပ်ပြီး ပျောက်ပွဲရွှင်ပွဲကို ၁၀ ရက်နေ့ကျမှ ကျင်းပမှာဖြစ်တယ်လို့ ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။

“ဖွင့်ပွဲအခမ်းအနားကတော့ ၇ ရက်နေ့မှာလုပ်မယ်။ ပျော်ပွဲရွှင်ပွဲကတော့ ၁၀ ရက်နေ့ကျမှ ပြန်စမယ်။ ရွေးကောက်ပွဲရှိလို့ ရွှေ့လုပ်တာပေါ့။ တရားဝင် ကြေညာထားပါတယ်။”

ပြည်နယ်နေ့ ပျော်ပွဲရွှင်ပွဲတွေကို ၁၀ ရက်နေ့ကနေ ၁၂ နေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်တယ်လို့ ကြေညာထားကြောင်းလည်း ပြောပါတယ်။

ကရင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ် နိုဝင်ဘာ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ဘားအံမြို့ သီရိကွင်းမှာ ၃ ရက်တာ ကျင်းပလေ့ရှိပြီး ဒီနှစ်မှာ ရက်ရွှေ့ဆိုင်းတာ ဖြစ်ပါတယ်။

သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ဖို့ ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးတဲ့ နိုဝင်ဘာလ ၇ ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၅၆ ခုနှစ်က စတင်ကာ ကရင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013