DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၆၀၄၀ ဦးရှိ
DVB
·
November 3, 2015
ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၆၀၄၀ ဦးရှိ
Donate to DVB

၂၀၁၅ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ၀င်ရောက်အရွေးခံမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံး ၆၀၄၀ ဦး ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့အထိ စာရင်းအရ ပြည်သူ့လွှတ်တော်အတွက် ၁၇၃၄ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၈၈၆ ဦးနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် ၃၄၂၀ ဦးတို့ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အစောပိုင်းတုန်းကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံး ၆၁၈၉ ဦး ရှိခဲ့ပေမယ့် နုတ်ထွက်တာ၊ စိစစ်ချက်နဲ့ ငြိစွန်းတာ၊ သေဆုံးတာတွေနဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေက ကိုယ်စားလှယ်တွေကို ပြန်နုတ်လိုက်တဲ့အတွက် ၆၀၄၀ ဦး ကျန်တာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့ နေရာတွေကတော့ ပန်ဆန်း၊ နားဖန်း၊ ပန်ဝါ၊ မိုင်းမော၊ မိုင်းလား၊ ကျေးသီးနဲ့ မိုင်းရှူးမြို့နယ်တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013