DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနဲ့ အစိုးရတပ်တိုက်ပွဲ တပ်ရင်းမှူးတဦးကျ
DVB
·
July 3, 2011
ကေအန်ယူနဲ့ အစိုးရတပ်တိုက်ပွဲ တပ်ရင်းမှူးတဦးကျ
Donate to DVB

ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အစိုးရတပ်က တပ်ရင်းမှူးတဦး ကျဆုံးသွားတယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က ပြောပါတယ်။

[caption id="attachment_11997" align="alignleft" width="310" caption="ကေအန်ယူ"][/caption]

ဇူလိုင်လ ၂ ရက်နေ့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ခလယ်ဒေရွာ အနားမှာ ကေအန်ယူ တပ်မဟာ ၇ ဗဟိုလုံခြုံရေးတပ်ဖွဲ့နဲ့ အစိုးရ ခမရ ၅၄၇ တပ်တို့ တိုက်ပွဲဖြစ်ပွားမှုအတွင်း ဖြစ်ပွားခဲ့တာပါ။

ခမရ ၅၄၇ တပ်ကို ကေအန်ယူဗဟိုလုံခြုံရေးအဖွဲ့က ပြောက်ကျားနည်းနဲ့ တိုက်ခိုက်တာဖြစ်ပြီး အစိုးရတပ်ဘက်က “ကျဆုံးတာက တပ်ရင်းမှူးတယောက်နဲ့ တပ်ခွဲမှူးတယောက် ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့အထဲမှာ တပ်ခွဲမှူးတယောက်၊ တပ်ကြပ်ကြီးတယောက် တပ်သားတယောက် ဖြစ်ပါတယ်။”လို့ ကေအန်ယူ တပ်မဟာ ၇ တပ်ရင်း ၁၀၁ မှူး ဗိုလ်မှူးကြီးဖောဒို ပြောပါတယ်။

ကေအန်ယူဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။ ဒီတိုက်ပွဲ အကျအဆုံးနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုချက် မရသေးပါဘူး။  ကေအန်ယူနဲ့ အစိုးရတပ်တို့အကြား အခုလို တိုက်ပွဲဖြစ်နေသလိုပဲ ကရင်ပြည်နယ် မြိုင်ကြီးငူဒေသတွင်းက နယ်ခြားတပ်ကနေ ဒီကေဘီအေ တပ်ပြန်ပြောင်းတဲ့ ကရင်တပ်တွေကို အစိုးရတပ်ဘက် ပိတ်ဆို့မှု လုပ်နေတယ်လို့ အစိုးရတပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် ကျန်ရှိနေတဲ့ နယ်ခြားစောင့်တပ်ရင်းတွေကိုလည်း မြိုင်ကြီးငူဒေသကို ပိတ်ဆို့ဖို့ တပ်တွေ စေလွှတ်တယ်လို့လည်း ပြောပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ တပ်ရင်း ၂ ရင်းလောက်က မြိုင်ကြီးငူဒေသကို ပိတ်ဆို့ဖို့ မနေ့က ဆင်းသွားတယ်လို့ မြ၀တီမြို့ခံတဦးက ပြောပြပါတယ်။

“ချစ်သူတို့က အခု တိုင်းခဏသွားပြီး မြိုင်ကြီးငူဘက်ကို သွားတယ်။ သူတို့သွားပြီး ပိတ်ဆို့ရေး သွားလုပ်ခိုင်းနေတာ။ ဟိုမှာက အကုန်လုံး တဖွဲ့တည်း ဖြစ်သွားကြပြီဆိုတော့ ဟိုအဖွဲ့တွေ ဒီဘက် ဖားအံဘက် ကျွံမလာဖို့ သွားပိတ်ဆို့တဲ့ သဘောပေါ့။ မနေ့ညကဆိုရင် ထိဖိုးခလုံးလေ၊ ထိဖိုးခလုံး ဆိုတာ လှိုင်းဘွဲ့ ထီလုံနားကလေ အဲဒါတပ်တွေ လုံခြုံရေးသွားယူကြရတယ်။ ရှင်းရှင်းပြောရရင် အစိုးရက အိမ်ကြက်ချင်း ပြန်ပြီးခွပ်ခိုင်းတဲ့ ပုံစံမျိုးပဲ။”

အစိုးရကနေ ဗိုလ်မှူးကြီး စောချစ်သူကို အခုလို မြိုင်ကြီးငူဒေသမှာ လုံခြုံရေး ယူခိုင်းလာတဲ့အတွက် ကရင်ပြည်နယ်နေရာအနှံ့မှာ တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013