DVB Logo
Home
မြန်မာသတင်း
မယ်ဆိုင်ဘက်ကမ်းမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မြန်မာနိုင်ငံသားတဦး သေဆုံး
DVB
·
November 3, 2015
မယ်ဆိုင်ဘက်ကမ်းမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မြန်မာနိုင်ငံသားတဦး သေဆုံး
1 / 5
Donate to DVB

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး မယ်ဆိုင်ချောင်း ကမ်းစပ်မှာ တဘက်နိုင်ငံက လူတဦး မြန်မာနိုင်ငံသားတဦးကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်တာကြောင့် သေဆုံးခဲ့တယ်လို့ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှမင်းက ပြောပါတယ်။

"သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတာ မှန်ပါတယ်။ ဒါပေမယ့် ဖြစ်စဉ်အမှန်ကို စုံစမ်းဆဲပါ၊ သက်သေထွက်ချက်တွေကတော့ ပြောက်ကျားဝတ်လူတဦးက တဖက်နိုင်ငံက လှမ်းပစ်တာ ပြောပါတယ်။"

ကျည်ဆန်ခွံသွားရောက်ရှာယူဖို့ တဖက်နိုင်ငံမှာဖြစ်တဲ့အတွက် ခက်ခဲနေပြီး လတ်တလော လူသတ်မှုနဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရပါတယ်။

"ကောင်လေးတွေကို ဟိုဘက်ကမ်း လိုက်ဖမ်းလို့ ပြေးလာတဲ့အချိန် မြန်မာနိုင်ငံထဲရောက်မှ နောက်က လှမ်းပစ်တာ အခုတော့ အလောင်းကို သူတို့အိမ်ပို့ထားပြီးပါပြီ နောက်နေ့ သင်္ဂြိုဟ်မှာပါ"ဟု တာချီလိတ်နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးလှမိုးက ပြောပါတယ်။

သေဆုံးသွားသူရဲ့ သေနတ်ဒဏ်ရာမှာ နောက်ကျောမှ ၀င်ပြီး ရှေ့ရင်ဘတ်မှ ကျည်ဆန်ဖောက်ထွက်သွားတာဖြစ်ပြီး ကျောနောက်ရှိ ၀ဲဘက်နံရိုးကြားသေနတ်ဒဏ်ရာမှာ သေးငယ်ပြီး အရှေ့ရင်ဘတ်တွင် ကျည်ထွက်ပေါက် ကျယ်နေတယ်လို့ တာချီလိတ်နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးလှမိုးက ဆက်လက်ပြောဆိုပါတယ်။

အမှုအားတာချီလိတ်မြို့မရဲစခန်း (ပ)၃၄၅/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရှိရပါတယ်။

သတင်းနှင့် ဓာတ်ပုံ - ကိုဇက်

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013