DVB Logo
Home
မြန်မာသတင်း
မည်သည့်ပါတီက အစိုးရသစ်နှင့်မဆို ပူးပေါင်းဆောင်ရွက်မည်ဟု ၀ ခေါင်းဆောင် ပြောကြား
DVB
·
November 2, 2015
မည်သည့်ပါတီက အစိုးရသစ်နှင့်မဆို ပူးပေါင်းဆောင်ရွက်မည်ဟု  ၀ ခေါင်းဆောင် ပြောကြား
Donate to DVB

ရွေးကောက်ပွဲအလွန် ထွက်ပေါ်လာမယ့် မည်သည့်ပါတီက ဖွဲ့စည်းတဲ့ အစိုးရသစ်နဲ့မဆို တနိုင်ငံလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ '၀' ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် စစ်ဦးစီးချုပ်နဲ့ ပါတီဥက္ကဋ္ဌ ဦးပေါက်ယူချန်းက ပြောကြားလိုက်ပါတယ်။

ဝ ထိန်းချုပ်နယ်မြေ ပန်ဆန်းမှာ မနေ့က စတင်ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်  တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များရဲ့ ဒုတိယအကြိမ် ထိပ်သီးစည်းဝေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။

အစိုးရသစ်အနေနဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ စစ်မှန်တဲ့ အခွင့်အရေးတွေကို အလေးထားဖို့နဲ့ လက်ရှိဖြစ်နေတဲ့ ပြဿ  နာတွေကို စစ်ရေးနဲ့ ဖြေရှင်းတာကို ကန့်ကွက်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့လည်း တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် ပင်လုံစိတ်ဓာတ်နဲ့အညီ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်သွားဖို့လည်း ရွေးကောက်ပွဲအလွန် တက်လာမယ့် အစိုးရသစ်ကို တောင်းဆိုလိုက်ပါတယ်။

‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဆန်းဒေသ ပန်ခမ်းမြို့မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် (အန်စီအေ) မှာ ပါဝင်လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံကို နိုဝင်ဘာ ၁ ရက်နေ ၃ ရက်အထိ ၃ ရက်ကြာ ကျင်းပနေတာပါ။

ဒီညီလာခံဟာ ရွေးကောက်ပွဲအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ရပ်တည်ချက် သဘောထားနဲ့ ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရသစ်နဲ့ ရှေ့ဆက် ဘယ်လိုညှိနှိုင်း ဆောင်ရွက်မလဲဆိုတဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။

မနေ့မနက် အစည်းအဝေး အစပိုင်းမှာ ဖိတ်ခေါ်ထားတဲ့ တိုင်းရင်သား ၁၂ ဖွဲ့ထဲက ခရီးဝေးလို့ ရောက်မလာနိုင်သေးတဲ့ နာဂလက်နက်ကိုင်အဖွဲ့ကလွဲလို့ ကျန်တဲ့အဖွဲ့တွေ တက်ရောက်နေတယ်လို့ ယူဒဗလျူအက်စ်အေရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးကျောက်ကော်အန်းက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013