DVB Logo
Home
မြန်မာသတင်း
နိုဝင်ဘာ ၂ ရက်မှ ၈ ရက်နေ့အထိ မိုးလေဝသခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
November 2, 2015
နိုဝင်ဘာ ၂ ရက်မှ ၈ ရက်နေ့အထိ မိုးလေဝသခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
1 / 4
Donate to DVB

ဒေါက်တာထွန်းလွင်ရဲ့ နိုဝင်ဘာလ ၂ ရက်နေ့က အောက်တိုဘာ ၈ ရက်အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသ ခန့်မှန်းချက်ကတော့ လက်ရှိကာလဟာ မိုးလွန်ကာလ ဖြစ်ပေမယ့်လို့ ဆောင်းရာသီကာလရဲ့ အရိပ်လက္ခဏာတွေအဖြစ် မြန်မာနိုင်ငံအပါအဝင် အင်ဒိုချိုင်းနား ကျွန်းဆွယ်ဘက်ဆီကို တရုတ်ပြည်မကြီးကနေ ပြီးတော့ လေအေးများ မကြာခဏ တိုးဝင်လာနေတာကို စတင်ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရှမ်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ ညအပူချိန်များ ကျဆင်းလာနိုင်တဲ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာလည်း အခုရက်ပိုင်းအတွင်း တောင်ကြီးမြို့မှာလည်း မြူများ ဆိုင်းနေတာကို ကြုံတွေ့ခဲ့ရပါတယ်။ ဒါဟာဖြင့် ဆောင်းရဲ့ ရှေ့ပြေးလက္ခဏာများလို့ ဆိုရမှာပါ။

ဘင်္ဂလားပင်လယ်အော်ရဲ့ အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက်ကမ်းခြေ အလွန်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကို အကြောင်းပြုပြီးတော့ အဲဒီ လေဖိအားနည်း ရပ်ဝန်းကနေပြီးတော့ အရှေ့မြောက်ဘက်အရပ်ကို ထိုးထွက်လာတဲ့ တိမ်ဆွယ်တန်းတခုဟာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကို ဖြတ်သန်းသွားနေတာကို တိမ်ပုံများမှာ တွေ့ရပါတယ်။ အဲဒါကို အကြောင်းပြုပြီးတော့ နောက် ၁ ရက်မှ ၇ ရက်အတွင်း မြန်မာနိုင်ငံမှာ ရွာသွန်းနိုင်တဲ့ မိုးရွာသွန်းမှု အခြေအနေတွေကို သင်္ချာပုံသဏ္ဍာန်နဲ့သုံးပြီး ခန့်မှန်းတဲ့အခါမှာ အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့မှာ မိုးများ ရွာသွန်းနိုင်တာကို တွေ့ကြရပါတယ်။ အလားတူပဲ မြန်မာနိုင်ငံ တောင်ပိုင်းစွန်းဒေသဖြစ်တဲ့ တနင်္သာရီတိုင်းမှာလည်း လာမယ့်တပတ်အတွင်း အထူးသဖြင့် လာမယ့်တပတ်ရဲ့ တ၀က်ခန့် ဒုတိယရက်များအတွင်းမှာ မိုးများရွာသွန်းနိုင်တာကို တွေ့ကြရပြီးတော့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာလည်း မိုးအနည်းငယ် ရွာသွန်းနိုင်တာကို တွေ့ကြရပါတယ်။ မြစ်ဝကျွမ်းပေါ်ဒေသတွေကတော့ ကျန်ဒေသများနဲ့ နှိုင်းစာလျှင် မိုးရွာသွန်းမှု လျော့နည်းနိုင်တယ်လို့ ခန့်မှန်းရရှိထားပါတယ်။

၂၀၁၅ ခုဟာ အယ်နီညို ရာသီဥတု ဖြစ်ပေါ်နေတဲ့ ကာလဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၅ ဖြစ်ပေါ်နေတဲ့ အယ်နီညိုဟာ လက်ရှိမှာကို အားကောင်းတဲ့အဆင့်ကို ရောက်ရှိနေပြီလို့ သုံးသပ်ရရှိပါတယ်။ အယ်နီညိုရဲ့ အင်အားဟာ လာမယ့် ဒီဇင်ဘာလမှာ အားအကောင်းဆုံးဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းရရှိပါတယ်။

လက်ရှိကာလဟာ မိုးလွန်ကာလဖြစ်တဲ့အတွက် ရံဖန်ရံခါမှာ မုတ်သုံလေဦး အားပြန်ကောင်းလာမှုကြောင့် အချိန်အခါမဟုတ်တဲ့ မိုးတွေ ရွာသွန်းနိုင်တဲ့နည်းတူ ဘင်္ဂလားပင်အော်ထဲမှာ ဖြစ်ပေါ်လာနိုင်တဲ့ မုန်တိုင်းတွေကြောင့်လည်း အချိန်အခါမဟုတ် မိုးများ မေလအထိ ရွာသွန်းနိုင်သေးတယ်လို့ တင်ပြလိုပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013