DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ပွဲအကြောင်း ရေးဖွဲ့သည့် ''မြောက်ဖျားကအလွမ်းရာသီ” ဝတ္ထုရှည် အမျိုးသားစာပေဆုရ
DVB
·
November 1, 2015
ကချင်စစ်ပွဲအကြောင်း ရေးဖွဲ့သည့် ''မြောက်ဖျားကအလွမ်းရာသီ” ဝတ္ထုရှည် အမျိုးသားစာပေဆုရ
Donate to DVB

၂ဝ၁၄ ခုနှစ်အတွက် အမျိုးသားစာပေဆုရသူတွေ စာရင်းကို အစိုးရက ထုတ်ပြန်ကြေညာရာမှာ တကြော့ပြန် ကချင်စစ်ပွဲနဲ့  ငြိမ်းချမ်းရေး အကြောင်း ရေးဖွဲ့ထားတဲ့ စာရေးဆရာမ စံပယ်ဖြူနုရဲ့ ''မြောက်ဖျားက အလွမ်းရာသီ ဝတ္ထုရှည်'' က အကောင်းဆုံး  အမျိုးသားစာပေဆု ဝတ္ထုရှည်ဆု ရရှိသွားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ၂ဝ၁၄ ခုနှစ်အတွင်း ပြည်တွင်းမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်တွေကို စိစစ်ရွေးချယ်ခဲ့ပြီး ဆုရွေးချယ်ခံရတဲ့ စာအုပ်တွေနဲ့ စာရေးဆရာတွေရဲ့ အမည်စာရင်းကို အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ကြေညာလိုက်တာပါ။

ဝတ္ထုရှည် အမျိုးသားစာပေဆုရခဲ့တဲ့  ''မြောက်ဖျားက အလွမ်းရာသီ'' စာအုပ်ကို  သတင်းသမားဘ၀က စာရေးဆရာဖြစ်လာတဲ့ စာရေးဆရာမ စံပယ်ဖြူနု ရေးသားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်း စစ်ပွဲတွေကိုနောက်ခံကာ တရုတ်-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာ ရေးသားထားတဲ့ စစ်ရဲ့ဆိုးကျိုး ရသဝတ္တုရှည်စာအုပ် ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်အတွက် ဝတ္ထုတိုပေါင်းချုပ် စာပေဆုကိုတော့ ကြူးနစ်ရေးသားတဲ့ မာရ်နတ်ရဲ့စည်းစိမ်၊ ကဗျာပေါင်းချုပ်စာပေဆုကို မောင်လင်းကြည်ရဲ့ မိုးဦးလေဦးကဗျာများက ရရှိပြီး စာပဒေသာ စာပေဆုကိုတော့ တက္ကသိုလ်ခင်မောင်ဇော် ရေးသားတဲ့ တက္ကသီလာ မြကျွန်းသာ (ရန်ကုန်တက္ကသိုလ်သမိုင်း) စာအုပ်က ရရှိသွားပါတယ်။

မြန်မာ့ယဉ်ကျေးမှု အနုပညာဆိုင်ရာ စာပေဆုကိုတော့ ဒေါက်တာမောင်ဖြေရဲ့  မွန်မြတ်သော ကျေးဇူးဆပ်သူနှင့် မွန်မြတ်သော ကျေးဇူးပြုသူစာအုပ်၊ ကလေးစာပေဆုကို ဇော်မျိုးဟန် (ငါးသိုင်းချောင်း) ရေးတဲ့ ပန်းစုံရွှေပြည် ကလေးကဗျာများ စာအုပ်နဲ့၊ လူငယ်စာပေဆုကိုတော့  ဆူးသစ်ရဲ့ ခွန်အားရှိသောစာ၊ ခွန်အားရှိသောလူငယ် စာအုပ်က ရရှိသွားပါတယ်။

ဘာသာပြန် (သုတ) စာပေဆုကို နတ်မောက်အနီချို ရေးသားတဲ့ ကိုယ့်ကိုယ်ကိုယ်ကိုး တိုး၍သာဝင်စာအုပ်၊ ဘာသာပြန် (ရသ) စာပေဆုကို ဆရာ ဟိန်းလတ်ရဲ့ ကျွန်မ မာလာလာ၊ သုတပဒေသာ (ဝိဇ္ဇာဘာသာရပ်) စာပေဆုကို ဒေါက်တာတိုးလှ ရေးသားတဲ့ လယ်ယာမြေသက္ကရာဇ်တွေထဲက သမိုင်း၊ သုတပဒေသာ (ရိုးရိုးသိပ္ပံ) စာပေဆုကို ကျော်ဦးရဲ့  စွမ်းအင်နှင့်ဝန်းကျင်၊ သုတပဒေသာ (အသုံးချသိပ္ပံ) စာပေဆုကို ရတနာစိုးရဲ့ ဝါး၊ နိုင်ငံရေး စာပေဆုကိုတော့ ဒေါက်တာကျော်ဝင်း ရေးသားသည့် နိုင်ငံရေးအတွေးအခေါ်သမိုင်း စာအုပ်တွေက အသီးသီး ဆုရသွားပါတယ်။

ဒါ့အပြင် အင်္ဂလိပ်ဘာသာ (သုတ) စာပေဆုမှာ ဦးစိုင်းအောင်ထွန်း ရေးသားတဲ့ SHAN LEGENDS၊ အင်္ဂလိပ်ဘာသာ (ရသ) စာပေဆုမှာ ဦးထွန်းအောင်ချိန် ရေးသားတဲ့ MAUNG YIN MAUNG AND MA ME' MA စာအုပ်တွေ ဆု ချီးမြှင့်ခံရပါတယ်။

အမျိုးသားစာပေဆုတွေကို ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ၊ ကလေးစာပေ၊ သုတ၊ ရသနဲ့  အင်္ဂလိပ်ဘာသာ စာအုပ်ဆုတွေအပါအ၀င် စုစုပေါင်း ၁၆ မျိုးကို နှစ်စဉ်ဆုပေးအပ်နေတာဖြစ်ပြီး အခုနှစ်မှာတော့  ပြဇာတ်စာပေဆုကို ရွေးချယ်ချီးမြှင့်နိုင်ခြင်း မရှိပါဘူး။

ဆုပေးပွဲကိုတော့ လာမယ့် ဒီဇင်ဘာ ၁၂ ရက် (စနေနေ့) ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပြီး ဆုရရှိသူတဦးကို ကျပ် ၁၅ သိန်း ချီးမြှင့်သွားမယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013