DVB Logo
Home
မြန်မာသတင်း
ရနောင်းလူသတ်မှု စနစ်တကျ စုံစမ်းပေးရန် ထိုင်းထံ မြန်မာ တောင်းဆို
DVB
·
October 31, 2015
ရနောင်းလူသတ်မှု စနစ်တကျ စုံစမ်းပေးရန် ထိုင်းထံ မြန်မာ တောင်းဆို
Donate to DVB

ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ထိုင်းကျောင်းသူတဦး သတ်ဖြတ်မှု သံသယနဲ့ ဖမ်းဆီးခံထားရသူ ၂ ဦးဟာ အသက်မပြည့်သေးတဲ့ သူတွေဖြစ်တာကြောင့် စနစ်တကျ စုံစမ်းဖော်ထုတ်ပေးဖို့နဲ့ သက်ညှာတဲ့ တရားစီရင်ရေးဖြစ်ဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ထံ မြန်မာလူ့အခွင့်အရေးကော်မရှင်က တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၂၈ ရက်က အသက် ၁၈ နှစ်အရွယ် ကျောင်းသူတဦးကို သတ်ဖြတ်မှု သံသယနဲ့ မြန်မာနိုင်ငံသား ထားဝယ်မြို့ဇာတိ ညီအစ်ကိုနှစ်ဦးဖြစ်တဲ့ မိုးဇင်အောင် အသက် ၁၅ နှစ်နဲ့ ကျော်ရဲအောင် အသက် ၁၆ နှစ်တို့ကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က အောက်တိုဘာ ၂ဝ ရက်က ဖမ်းဆီးခဲ့မှုနဲ့ ပတ်သက်လို့ မေတ္တာရပ်ခံစာ ပေးပို့တောင်းဆိုလိုက်တာပါ။

သူတို့ နှစ်ဦးဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတွေ အလုပ်သမားတွေ ဖြစ်တာကြောင့် ထိုင်းတရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကိုခံယူရရှိရေး၊ လူသားချင်းစာနာ ထောက်ထားသောစိတ်နဲ့ ပြုမူဆက်ဆံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ ရှေ့နေနဲ့ တွေ့ဆုံခွင့်ပြုရေး၊ စနစ်တကျ စုံစမ်းဖော်ထုတ်ရေးတို့ ပြုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။

အမှန် တကယ် ပြစ်မှုကျူးလွန်ခြင်းမရှိပါက လွတ်မြောက်ရေး၊ ပြစ်မှုကျူးလွန်ပါက အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ်တွေ ဖြစ်တာကြောင့် နိုင်ငံတကာ ကလေးသူငယ်ဥပဒေနဲ့အညီ သက်ညှာစွာတရားစီရင်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ အောက်တိုဘာ ၂၇ ရက်က စာရေးသား ပေးပို့ခဲ့တာပါ။

ထိုင်းကျောင်းသူ အသတ်ခံရမှုနဲ့ပတ်သက်လို့ အောက်တိုဘာ ၂၃ ရက်နေ့ကလည်း မြန်မာနိုင်ငံသား ၂ ဦး ထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။

12189046_538650342957870_3596573404465957047_nဒီနောက် အောက်တိုဘာ ၂၇ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက အမှုဖြစ်စဉ်ကို သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ ဦးကို  ပြန်လည်သရုပ်ပြခိုင်းခဲ့ပါတယ်။

သံသယနဲ့ ဖမ်းဆီးခံရထားရသူတွေကို အောက်တိုဘာ ၂၈ ရက်နေ့က မြန်မာသံရုံးကိုယ်စားလှယ်တွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံခွင့်ရရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013