DVB Logo
Home
မြန်မာသတင်း
ရန်ပွဲကို အကဖြင့် ဖျန်ဖြေလူစုခွဲခဲ့သည့် ရဲအရာရှိအား အိုဘားမားချီးကျူး (ရုပ်သံ)
DVB
·
October 31, 2015
ရန်ပွဲကို အကဖြင့် ဖျန်ဖြေလူစုခွဲခဲ့သည့် ရဲအရာရှိအား အိုဘားမားချီးကျူး (ရုပ်သံ)
Donate to DVB

ရန်ဖြစ်နေတဲ့ အဖွဲ့တွေထဲက ဆယ်ကျော်သက်တဦးကို အကပြိုင်ဖို့ စိန်ခေါ်ရင်း ရန်ပွဲကို ဖျန်ဖြေတဲ့ ရဲအရာရှိတဦးရဲ့ လုပ်ရပ်ကို အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ချီးကျူးလိုက်ပါတယ်။

ဝါရှင်တန် အမျိုးသမီးရဲအရာရှိက ရန်ဖြစ်နေတဲ့ လူအုပ်ကို ခွဲပေးဖို့ တောင်းဆိုခဲ့ရာမှာ အသက် ၁၇ နှစ် အမျိုးသမီးက “Watch Me (Whip/Nae Nae) သီချင်းနဲ့ ကခုန်ရင်း သူဘေးကို ရောက်လာရမှာ ၂ ဦး အကပြိုင်ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးရဲအရာရှိက နိုင်ခဲ့ရင် အမျိုးသမီးနဲ့ သူငယ်ချင်းတွေ ဒီနေရာကနေ ထွက်သွားဖို့လည်း ယှဉ်ပြိုင်ရာမှာ သဘောတူခဲ့ပါတယ်။

မိနစ်များစွာကခုန်ခဲ့ပြီးတဲ့နောက် အမျိုးသမီးငယ်က မောပန်းလာတဲ့အတွက် ယှဉ်ပြိုင်မှုကို ရပ်တန့်ခဲ့ပြီး ပြိုင်ဘက် ၂ ဦးပွေ့ဖက်က ဒီနေရာကနေ လူစုခွဲလိုက်ပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့က ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းက ပျံနှံ့သွားပြီး သမ္မတ အိုဘားမားက ကျနော်တို့ လုံခြုံစေဖို့ ရဲတပ်ဖွဲ့က ပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်နေတဲ့ ဥပမာ တခု ဖြစ်တယ်လို့ လူမှုရေး ကွန်ရက်တွစ်တာမှာရေးပါတယ်။

ကောင်းမွန်တဲ့ ရဲတပ်သားတွေ ရှိသေးတယ်ဆိုတာကို ပြသတဲ့ ဖြစ်ရပ်တခု ဖြစ်တယ်လို့ အကယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီးငယ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013