Home
မြန်မာသတင်း
ထိုင်းမှသယ်လာသည့် မြန်မာကျပ်ငွေတုများ တာချီလိတ်တွင် ဖမ်းမိ
DVB
·
October 31, 2015
12196194_1177996848882453_3412020705681594298_n
12189261_1177996828882455_7830333854168932946_o
12065857_1177996792215792_308279349778451171_n
ထိုင်းနိုင်ငံတွင်းမှ သယ်ဆောင်လာတဲ့ မြန်မာကျပ်ငွေ ၁ သောင်းတန်အတု ကျပ်သိန်း ၅၀ ဖိုးလောက် တာချီလိတ်မြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ မြန်မာကျပ်ငွေစက္ကူအတုတွေကို လေယာဉ်လက်ဝယ်ယူရာမှာ အသုံးပြုခဲ့တာဖြစ်ပြီး လေယာဉ်လက်မှတ်အရောင်းစာရေးက ငွေစက္ကူတွေကို မသင်္ကာလို့ ကမ္ဘောဇဘဏ်မှာ သွားရောက်စစ်ဆေးရာက ငွေစက္ကူအတုဖြစ်ကြောင်းသိရတဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားပြီး ဖမ်းဆီးခဲ့တယ်လို့ တာချီလိတ်ရဲစခန်းက ပြောပါတယ်။ ငွေစက္ကူအတုတွေကို ထိုင်းနိုင်ငံကနေ သယ်ဆောင်လာသူ ၃ ဦး တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ "ရွှေနဂါး" မိုတယ်မှာ သွားရောက်ဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေတစ်သောင်းတန် ၄၇၉ ရွက်နဲ့ လေယာဉ်လက်မှတ်ဖိုးပေးချေထားတဲ့ ငွေစက္ကူတွေကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာကျပ်ငွေစက္ကူအတု သယ်ဆောင်လာသူ ၃ ဦးကို တာချီလိတ်မြို့မရဲစခန်း (ပ)၂၄၂/၂၀၁၅၊ မြန်မာနိုင်ငံတော်ဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်လှစ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - ကိုဇက်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024