DVB Logo
Home
မြန်မာသတင်း
အမေ့အိမ်ပညာဒါနကျောင်း မတက်ရန် ကြံ့ခိုင်ရေးဖိအားပေး
DVB
·
July 1, 2011
အမေ့အိမ်ပညာဒါနကျောင်း မတက်ရန် ကြံ့ခိုင်ရေးဖိအားပေး
Donate to DVB

လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ အောက်ခြေတာဝန်ရှိသူတွေက အခမဲ့စာသင်ကျောင်း တကျောင်းမှာ တက်တဲ့ ကျောင်းသားတွေကို မတက်ဖို့ မိဘတွေကို ခြိမ်းခြောက် ပြောဆိုနေပါတယ်။

[caption id="attachment_11942" align="alignright" width="310" caption="ထန်းတပင်မြို့နယ် မငေးစုကျေးရွာက အမေ့အိမ်ကျောင်း"][/caption]

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် မငေးစုကျေးရွာမှာ ပြီးခဲ့တဲ့လက ဒေသခံလူငယ်တွေစုပြီး ဖွင့်လှစ်သင်ကြားနေတဲ့ အမေ့အိမ်အခမဲ့ ပညာဒါနကျောင်းမှာ ကျောင်းသားတွေ မတက်အောင် ပြောဆိုနေတာပါ။

ဒီကျောင်းကို ဇွန်လ ၁၇ ရက်နေ့က ဆိုင်းဘုတ်တင် ဖွင့်ပွဲကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရန်ကုန်တိုင်း) စည်းရုံးရေးအဖွဲ့က ဦးနိုင်နိုင်းနဲ့ လူငယ်ဖော်ဆောင်းရေးအဖွဲ့ ကိုမျိုးညွန့်တို့လည်း တက်ရောက်ဖွင့်လှစ် ပေးခဲ့ပါတယ်။

နယ်မြေခံ ကြံ့ခိုင်ရေးအတွင်းရေးမှူးက ဇွန် ၃၀ ရက်နေ့မှာ အစည်းအဝေး ခေါ်ယူပြီး ကလေးတွေကို အဲဒီကျောင်းကနေထုတ်ဖို့ ခြိမ်းခြောက်ခဲ့ကြတယ်လို့ ကျောင်းသားမိဘတဦးက အခုလို ပြောပြပါတယ်။

“သူတို့က ဘယ်လောက်အထိ ခြိမ်းခြောက်သလဲဆိုတော့ ဒီကျောင်းသားမိဘ နာမည်တွေပါ နေပြည်တော်မှာ ရောက်နေတယ်။ ဒီအိမ်မှာ တက်နေတဲ့ ကလေးတွေက ကျောင်းမှာ စာရင်းမသွင်းဘူးတို့၊ ၉ တန်း၊ ၁၀ တန်း အောင်ခဲ့ရင်တောင်မှ အောင်မှတ်ကို မပေးဘူးတို့ ဘာတို့နဲ့ အမျိုးမျိုး ခြောက်လှန့်တာ။ တောသူတောင်သားတွေ ဆိုတော့လည်း ကြောက်ကြတယ်ပေါ့။”

ဒီကျောင်းတက်တဲ့ ကလေးအများစုဟာ မရှိဆင်းရဲသူတွေရဲ့ သားသမီးတွေဖြစ်ပြီး အပြင်မှာ အခကြေးငွေရယူ ဖွင့်လှစ်တဲ့ ကျူရှင်တွေမှာ တက်ဖို့ အခက်အခဲ ရှိကြပါတယ်။

အမေ့အိမ်အခမဲ့ ပညာဒါနကျောင်းဟာ မေလဆန်းကစပြီး မူကြိုကနေ ဒဿမတန်းအထိ အခမဲ့ သင်ကြားပေးတာ ဖြစ်ပါတယ်။ လက်ရှိ အဲဒီကျောင်းမှာ ဆရာ/ဆရာမ သုံးဦးက အခမဲ့ စာသင်နေပါတယ်။

ကြံ့ခိုင်ရေးပါတီဝင်တွေရဲ့ ခြိမ်းခြောက်မှုကြောင့် ကျောင်းသား ၆၀ ကျော်သာ ကျန်တော့တယ်လို့  စာသင်ပေးနေတဲ့ ဆရာမ စမ်းစမ်းကြူက ပြောပါတယ်။

“အာဏာပိုင်တွေကတော့ ဒီကို တိုက်ရိုက်လာပြီးတော့ မပြောဘူးပေါ့နော်။ ဒီအမေ့အိမ်က အမဲရောင်နယ်မြေ ဖြစ်တယ်ဆိုပြီး အမျိုးမျိုး ခြိမ်းခြောက်မှုတွေ ပြုတယ်။  သွယ်ဝိုက်ပြီးတော့ပဲ မိဘတွေကိုပဲ ဖိအားပေးတာပေါ့။ ဒီကို သွားတက်ရင် ဘာဖြစ်မယ် ဆိုပြီးတော့ တားမြစ်တာ။ ကလေးတွေကလည်း သူတို့ ခြိမ်းခြောက်ထားတော့ ကြောက်တယ် မတက်ရဲဘူးလေ။ အရင်တုန်းက တရာကျော်လောက်ရှိတယ်၊ အခုတော့ ၆၀ ကျော် ၇၀ လောက်ပဲ ရှိတော့တယ်။ တော်တော်ကျသွားတယ် ကလေးတွေ။”

ဒေသခံ အာဏာပိုင်အဖွဲ့အစည်းတွေဟာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမှာရှိတဲ့ အမေ့အိမ် အခမဲ့ပညာဒါနကျောင်းနဲ့ ဗေဒါအင်စတိကျု တို့ကိုလည်း အိမ်ရှင်ဖြစ်သူကနေ တဆင့် ကျောင်းပြောင်းအောင် ဖိအားပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013