DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တောင်ပိုင်း ပုန်းအင်းဒေသ ရိုးရာလှေပြိုင်ပွဲ ကျင်းပ
DVB
·
October 30, 2015
ရှမ်းပြည်တောင်ပိုင်း ပုန်းအင်းဒေသ ရိုးရာလှေပြိုင်ပွဲ ကျင်းပ
1 / 9
Donate to DVB

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်ထဲမှာရှိတဲ့ ပုန်းအင်းဒေသ ရိုးရာလှေပြိုင်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်၊ သီတင်းကျွတ် အဖိတ်နေ့နဲ့ လပြည့်နေ့တွေမှာ ၂ ရက်တာ ကျင်းပခဲ့ပါတယ်။

ပုန်းအင်းလို့ ခေါ်တဲ့ ဒေသထဲမှာ ရွာပေါင်း ၃၀ ကျော်ရှိပြီး ဆီဆိုင်မြို့နယ်၊ နောင်မွန်မြို့နယ်နဲ့ ကျောက်တလုံးမြို့နယ်ထဲမှာ တစိတ်တပိုင်းစီ ပါဝင်ပါတယ်။

မိုးရာသီဆို  ရေထဲမှာ၊ နွေရာသီဆို မြေပေါ်မှာ တနှစ်ကို နှစ်ဘ၀ လုပ်ကိုင်စားသောက်ပြီး ဆန်စပါးစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကာ ရေထဲမှာ စပါးရိတ်တဲ့ ဓလေ့ကလည်း ပုန်းအင်းရဲ့ ထူးခြားမှုတခု ဖြစ်ပါတယ်။

သူတို့ဒေသ ဓလေ့နဲ့ ပတ်သက်ပြီး ပုန်းအင်းဒေသ ဆိုင်လဲရွာသား စိုင်းမောဝ်းက ဒီဗွီဘီကို ခုလိုပြောပြပါတယ်။

"ကျနော်တို့က ကုန်းတလှည့် ရေတလှည့် နေရတော့ အိမ်ဆိုလည်း နှစ်ထပ်ခြေတံရှည် ဆောက်နေရတယ်။ အိမ်တအိမ်မှာ လှေလည်းရှိရတယ်၊ လှည်းလည်းရှိရတယ်။ အခုခေတ်တော့ ကားတွေ၊ ဆိုင်ကယ်တွေပေါ့၊ မိုးရာသီဆို ဆိုင်ကယ်တွေ ကားတွေကို ကုန်းပြင်မှာ သွားထားတယ်။ နှစ်တိုင်း သီတင်းကျွတ်ရောက်ရင် ဘုန်းကြီးကျောင်းတက်၊ လူကြီးမိဘ အဖိုးအဖွားတွေ ကန်တော့ပြီးရင် လှေပြိုင်ပွဲကြည့်ကြတယ်၊ သူ့ရွာကိုယ့်ရွာ အားပေးကြတယ်။"

လှေပြိုင်ပွဲကို တနှစ် တရွာစီ အလှည့်ကျ ကျင်းပရာ ဒီနှစ်မှာတော့ နောင်ဇန့်ကျေးရွာမှာ ကျင်းပခဲ့ကြောင်း၊ ဒါပေမယ့် ဒီနှစ်မှာ ရေတွေခန်းခြောက်နေတဲ့အတွက် လှေအစီးရေ ၁၀ ကျော်ပဲ တွေ့ရတယ်လို့ စိုင်းမောဝ်းက ပြောပါတယ်။

ဓာတ်ပုံ - စိုင်းမောဝ်း၊ Sai Hak Tai

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013