DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင် ဒုက္ခသည်များ စားနပ်ရိက္ခာ အကူညီများ လိုအပ်
DVB
·
October 30, 2015
စစ်ဘေးရှောင် ဒုက္ခသည်များ စားနပ်ရိက္ခာ အကူညီများ လိုအပ်
1 / 6
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်မှာ အောက်တိုဘာလအတွင်း အစိုးရစစ်တပ်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ အတွက် စားနပ်ရိက္ခာ၊ အ၀တ်အထည်နဲ့ သောက်သုံးရေတွေ လိုအပ်နေတယ်လို့ နမ့်ခုံးပရဟိတအဖွဲ့မှ ဦးစိုင်းဆိုင်က ပြောပါတယ်။

"ကျနော်တို့အဖွဲ့ကတော့ ဆန်၊ ဆီ၊ ဆီသွပ်ဘူးနဲ့ အခြားအစားအစာတွေ သွားရောက် လှူဒါန်းခဲ့ပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေက တအားများတော့ ထပ်ပြီးလိုအပ်နေသေး ပါတယ်။"

တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ ရာသီဥတုဒဏ်ခံစားရအတွက် စောင်နှင့် အနွေထည် လိုအပ်နေပြီး အဓိက စားနပ်ရိက္ခာနဲ့ သောက်သုံးရေဖြစ်ကြောင်း၊ တိုက်ပွဲအချိန်ကာလ ကြာလာနဲ့အမျှ  လိုအပ်ချက်တွေလည်း ပိုမိုများလာတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် မိုင်းရှူးမြို့နယ် ဝမ်ဆော့ရွာနဲ့ ယုံးပေါင်ရွာမှ  ဒုက္ခသည်ဦးရေ ၄၀၀၀ ကျော်ရှိနေပါတယ်။

စစ်ဘေးရှောင်စခန်းများမှာ ယာယီ မိုးကာစကို တဲထိုးပြီး အမိုးအကာတွေ လုံလောက်မှုမရှိဘဲ အောက်တိုဘာ နောက်ဆုံးပတ်မှာ ဝေဠုကျော်ဖောင်ဒေးရှင်းနဲ့ တောင်ကြီး နမ့်ခုံးပရဟိတအဖွဲ့တွေက သွားရောက်ကူညီခဲ့ပြီး အောက်တိုဘာ ၂၇ ရက်နေ့မှာ တန့်ယန်းမြို့၊ ကံဝိန်းကျောင်း စာသင်တိုက်ဆရာတော်နဲ့ စေတနာရှင်တွေ သွားရောက် ကူညီလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သတင်း - ကိုဇက်

ဓာတ်ပုံ - Jao Khu Panna Sami

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013