DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် မလုံခြုံသည့် ကြိုတင်မဲပုံများကို ပြင်ဆင်
DVB
·
October 30, 2015
ထားဝယ်တွင် မလုံခြုံသည့်  ကြိုတင်မဲပုံများကို ပြင်ဆင်
1 / 10
Donate to DVB

ထားဝယ်မြို့မှာ အောက်တိုဘာ ၂၉ ရက်နေ့က ခရီးသွားဖို့ရှိတဲ့ ၀န်ထမ်းတွေ ကြိုတင်မဲပေးတဲ့နေရာမှာ ရပ်ကျေးကော်မရှင်ရုံးတွေရဲ့  မဲပုံးအနေအထား မလုံခြုံတဲ့အတွက် ကော်မရှင်က ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကြိုတင်မဲပုံး လုံခြုံမှုမရှိကြောင်း မဲရုံစောင့်ကြည့်လေ့လာရေးအဖွဲ့တွေက တင်ပြလာတာကြောင့် အောက်တိုဘာ ၁၉ ရက် ညနေ ၃ နာရီမှာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုးလွင်နဲ့ ပါတီတွေက ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်နေတဲ့ အီးယူအဖွဲ့က တာဝန်ရှိသူတွေ တွေ့ဆုံပြီး ပြင်ဆင်ခဲ့ကြတာပါ။

ဒါကြောင့် အောက်တိုဘာ ၂၉ ရက်နေ့က ကြိုတင်မဲမပေးဖြစ်တော့ဘဲ ဒီနေ့မှာတော့ ခရီးသွားဖို့ရှိတဲ့ ၀န်ထမ်းတွေ ကြိုတင်မဲ စပေးနေကြပြီ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ တပ်မတော်သားမဲဆန္ဒရှင် ၂၈၅၀ အပါဝင် မဲဆန္ဒရှင် ၁၀၇၈၀၁ ဦး ရှိပြီး မဲရုံပေါင်း ၁၁၇၀ ရှိတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင်က တိုင်းနဲ့ပြည်နယ် မြို့နယ်တွေဆီကို ဖြန့်ဖြူးပေးလိုက်တဲ့ ကြိုတင်မဲပုံးတွေဟာ လုံခြုံမှုမရှိတဲ့အတွက် မဲမသမာမှုတွေဖြစ်မှာကို စိုးရိမ်ပူပန်နေကြပါတယ်။

သတင်းဓာတ်ပုံ - ထွန်းကျော်မောင်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013