DVB Logo
Home
မြန်မာသတင်း
ကြိုတင်​မဲပုံးများ လုံခြုံ​ရေး မင်္ဂလာ​တောင်​ညွန့်​မြို့နယ်​တွင်​ ချိပ်​ပိတ်​စနစ်​ ကျင့်​သုံး
DVB
·
October 30, 2015
ကြိုတင်​မဲပုံးများ လုံခြုံ​ရေး မင်္ဂလာ​တောင်​ညွန့်​မြို့နယ်​တွင်​ ချိပ်​ပိတ်​စနစ်​ ကျင့်​သုံး
1 / 12
Donate to DVB

လက်​နဲ့အလွယ်​တကူ နှိုက်​လို့ရတယ်​လို့ လူ​ပြောများ​နေတဲ့ ကြိုတင်​မဲပုံး​တွေ လုံခြုံ စိတ်​ချရဖို့အတွက်​ မင်္ဂလာ​တောင်​ညွန့်​မြို့နယ်​၊ သ​ပြေကုန်းရပ်​ကွက်​မှာ ချိပ်​ပိတ်​တံဆိပ်​နှိပ်​ခဲ့ပါတယ်​။

"လွန်​ခဲ့တဲ့ရက်​​တွေက ​ဖေ့စ်​ဘွတ်ခ်​မှာ ဒါနဲ့ပတ်​သက်​တာ​တွေ တက်​လာတယ်​။ လက်​နှိုက်​နိုင်​တယ်​ ဆိုတာမျိုး​ပေါ့။ အဲဒါ​ကြောင့်​ ပါတီ​​တွေက ကိုယ်​စားလှယ်​​တွေ၊ ရပ်​ကွက်​ အ​ထောက်​အကူပြု ​ကော်​မတီ​တွေ​ ခေါ်ပြီး ဘယ်​လိုလုပ်​မလဲ တိုင်​ပင်​ကြတယ်​။ ​နောက်​ဆုံး​တော့ ​လက်​ကိုင်​ကလစ်ကို ချိပ်​​လောင်းပြီး ​ကော်​မရှင်​ တံဆိပ်​နှိပ်​လိုက်​တယ်​" လို့ မင်္ဂလာ​တောင်​ညွန့်​မြို့နယ်​၊ သ​ပြေကုန်းရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​ဇင်​ဦးက ဒီဗွီဘီကို ​ပြောပါတယ်​။

ပလတ်​စတစ်​ပုံး​တွေဖြစ်​တဲ့အတွက်​ ​ဘေး​ထောင့်​​တွေကို အလွယ်​တကူ ဟလို့ ရ​နေတာပါ။ ဒါကို ဘယ်​လိုလုံခြုံ​အောင်​ လုပ်​ရမယ်​လို့​တော့ ပြည်​​ထောင်စု ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​က သီးခြားညွှန်​ကြားတာ​တော့ မရှိ​သေးပါဘူး။

"ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူးက ​ခေါ်ပြီး မဲပုံး​တွေကို ဒီလိုလုပ်​လို့ရတယ်​ ​ပြော​တော့ လန့်​သွားတယ်​။ သူကပဲ ချိပ်​ပိတ်​ဖို့ အကြံ​ပေးတယ်​။ သူ့စိတ်​ကူးကို သ​ဘောကျပြီး ​ကော်​မရှင်​​ရောက်​လာ​တော့ ဒါကိုပဲ အတည်​ပြုလုပ်​ဖြစ်​သွားတယ်​" လို့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ ကိုယ်​စား ရပ်​ကွက်​ကိုယ်​စားလှယ်​အဖြစ်​ တက်​​ရောက်​ခဲ့တဲ့ ​ဒေါ်ရင်​စိန်​က ​ပြောပါတယ်​။ ကြိုတင်​မဲ​တွေကို ​အောက်​တိုဘာ ၂၉ ရက်​က စ​ပေးနေပြီဖြစ်​ပါတယ်​။

ဓာတ်​ပုံ- ​ကျော်​ဇင်​ဦး

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013