DVB Logo
Home
မြန်မာသတင်း
ကယန်းပြည်သစ်ဒုဥက္ကဋ္ဌ ကွယ်လွန်
DVB
·
July 1, 2011
ကယန်းပြည်သစ်ဒုဥက္ကဋ္ဌ ကွယ်လွန်
Donate to DVB

ကယန်းပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ ၁ ဗိုလ်မှူးကြီး အိုက်ဒေါင်း အသက် ၅၁ နှစ်ဟာ အသည်းရောဂါနဲ့ မနေ့ညက ဒီမောဆိုမြို့နယ် ဥခူရီကျေးရွာက သူ့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။

ကယန်းပြည်သစ်ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ၂ ဗိုလ်မှူးကြီး သန်းတက်က "ကျနော်တို့ အနေနဲ့ ၀မ်းနည်းခြင်းတော့ ရှိပါတယ်။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ပျက်စီးခြင်းတော့ မဟုတ်ပါဘူး" လို့ ပြောပါတယ်။

ကယန်းပြည်သစ်ပါတီဟာ ၁၉၉၄ ခုနှစ်တုန်းက စစ်အစိုးရနဲ့ အပစ်ရပ်ခဲ့ပြီး ခုချိန်ထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေသလို၊ အစိုးရက လက်နက်ချဖို့ အထိ ဖိအားပေးတာ မရှိဘူးလို့ ဗိုလ်မှူးကြီး သန်းတက်က ပြောပါတယ်။

ကယန်းပြည်သစ်ပါတီ အပစ်ရပ်တဲ့ အချိန်တုန်းက ဗိုလ်မှူးကြီး အိုက်ဒေါင်းဟာ အတွင်းရေးမှူး တာဝန်ယူခဲ့ပြီး၊ ၁၉၉၄ - ၁၉၉၆ ခုနှစ်အထိ ဒု-စစ်ဦးစီးချုပ်၊ ၁၉၉၇ -၂၀၀၆ အတွင်းရေးမှူး၊ ၂၀၀၆ ခုနှစ်ကနေ ကွယ်လွန်ချိန်အထိ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး အိုက်ဒေါင်းဟာ အပစ်ရပ်ပြီး ၁၉၉၇ ခုနှစ်မှာ ပျဉ်းမနား အရှေ့ဘက်က ရှေ့တန်းစစ်မျက်နှာမှာ မြေမြှုပ်မိုင်းထိမိ ခြေတဖက် ဆုံးရှုံးခဲ့ပြီး ဒုက္ခိတဘ၀နဲ့ ပါတီကို ဦးဆောင်ခဲ့တယ်လို့ ကယန်းပြည်သစ်ပါတီရဲ့ ပြည်ပဆက်ဆံရေးတာဝန်ခံ ကံသာဖြူက ပြောပါတယ်။

"ကျနော်တို့အနေနဲ့တော့ သူတို့အုပ်စုက ကျနော်တို့ပါတီရဲ့ ရေသောက်မြစ်ပေါ့၊ ကျနော်တို့ နိုင်ငံရေးဦးဆောင်မှုမှာ လူထုတွေနဲ့ ပါတီကြားနေပေးတာ၊ ပြဿနာတွေကို ဖြေရှင်းတာ၊  အရမ်းလိမ္မာပါးနပ်၊ ယဉ်ယဉ်ကျေးကျေး၊ မျှမျှတတနဲ့ လူကြီးတယောက်ပေါ့။"

ဗိုလ်မှူးကြီး အိုက်ဒေါင်းရဲ့ ဈာပနကို ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ထဲက ဆီဘူးမြို့ ပါတီဌာနချုပ်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013