DVB Logo
Home
မြန်မာသတင်း
မီးပုံးပျံပျက်ကျ၍ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် မီးလောင်
DVB
·
October 30, 2015
မီးပုံးပျံပျက်ကျ၍ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် မီးလောင်
Donate to DVB

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၄ ရပ်ကွက် န၀ရတ် ၂ လမ်းက နေအိမ်တလုံး ခေါင်မိုးပေါ် မီးပုံးပျံ ပျက်ကျတာကြောင့် အောက်တိုဘာ ၂၉ ရက် ည ၉ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်ရာကို မီးသတ်ကား ၅ စီးခန့် လာရောက်ငြှိမ်းသတ်ပြီး နေအိမ်တလုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
အဲဒီမီးလောင်မှုကို Level 1 အဆင့် သတ်မှတ်ထားပြီး မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။

ဒီလို မီးပုံးပျံလွှတ်မှုကြောင့် အောက်တိုဘာ ၂၈ ရက် သီတင်းကျွတ်လပြည့်နေ့ကလည်း နေပြည်တော် လျှပ်စစ်စွမ်းဝန်ကြီးဌာန သပြေဝ ၂၃၀ KV ဓာတ်အားခွဲရုံ Switch Yard အတွင်းက ဓာတ်အားအဖွင့်အပိတ် ပြုလုပ်တဲ့ Bus DS အပေါ် မီးပုံးပျံပြုတ်ကျခဲ့တဲ့အတွက် ဓာတ်အားပြတ်တောက်ခဲ့လို့ တနိုင်ငံလုံးနီးပါး အချိန်ပိုင်း မီးပြတ်တောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013