DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဓားဖြင့်ခုတ်ခံရ (ရုပ်သံ)
DVB
·
October 30, 2015
အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဓားဖြင့်ခုတ်ခံရ (ရုပ်သံ)
Donate to DVB

အန်အယ်လ်ဒီပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုနိုင်ငံလင်း အပါအ၀င် အောင်နိုင်ရေးအဖွဲ့ဝင်တွေ သာကေတမြို့နယ်တွင်း ရွေးကောက်ပွဲအောင်နိုင်ရေး လှုပ်ရှားမှု ပြုလုပ်နေစဉ် အောက်တိုဘာ ၂၉ ရက်ညက ဓားနဲ့အခုတ်ခံခဲ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ်လောင်း ကိုနိုင်ငံလင်းနဲ့အဖွဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးဆင်းပြီး ပြန်အလာ သာကေတ ၃ ရပ်ကွက်၊ မာန်ပြေ ၈ လမ်းမှာ ဓားနဲ့ အခုတ်ခံခဲ့ရတာပါ။

လက်ရှိမှာတော့ ကိုနိုင်ငံလင်းဟာ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေအနက် ၃ ဦးကို သာကေတမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်းရုပ်သံ - ကောင်းထက်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013