DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ် နိုဝင်ဘာ ၉ ရက်နေ့ စတင်ကြေညာမည်
DVB
·
October 28, 2015
ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ် နိုဝင်ဘာ ၉ ရက်နေ့ စတင်ကြေညာမည်
Donate to DVB

၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်အရှုံးနောက်ဆုံးရလဒ်တွေကို နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းကစတင်ပြီး ကြေညာသွားမယ်လို့  ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်ပါတယ်။

"မဲရုံပိတ်မှာကတော့ ညနေလေးနာရီဖြစ်ပါတယ်။ ပရဝဏ်ထဲမှာ မဲပေးသူရှိဘူးဆိုရင်တော့ ရေတွက်ခြင်းကိုစပါမယ်။ စတဲ့အတွက်ကြောင့် ပြည်သူ့လွှတ်တော်မဲရေရပါမယ်၊ အမျိုးသား လွှတ်တော်မဲ ရေရပါမယ်။ တိုင်းဒေသကြီးလွှတ်တော်မဲ ရေရပါမယ်။ တိုင်းရင်းသားတွေ ပါရင်ရေရပါမယ်။ အဲ့ဒါကြောင့် ကျနော်ထင်ပါတယ်။ ညလုံးပေါက်ရေရမယ်လို့၊ ဒါကြောင့် ၈ ရက်နေ့ တညလုံးကုန်ပြီးတော့ ၉ ရက်နေ့မနက်ကျရင် အကြမ်းဖျင်းပြန်စစ်တာနဲ့ ဆိုရင် သက်ဆိုင်ရာ မဲရုံ အသီးသီးကနေပြီးတော့  မြို့နယ်ခရိုင်တွေက တက်လာတာတွေနဲ့ ကျနော် ထင်ပါတယ်။ ၉ ရက်နေ့ နေ့လည်လောက်ကစပြီး အချို့နေရာတွေမှာ ကြေညာနိုင်မယ်လို့ ကျနော်ထင်ပါတယ်"

သက်ဆိုင်ရာမဲရုံအလိုက် အနိုင်အရှုံးရလဒ်တွေကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေကို ပေးပို့ရမှာဖြစ်ပြီး မြို့နယ်အသီးသီးက ကြိုတင်မဲတွေကိုတော့ မဲရုံပိတ်ချိန်မှာရေတွက်မှာ ဖြစ်ပါတယ်။ နယ်မြေအလိုက် ရွေးကောက်ပွဲရလဒ်တွေကို တိုင်းဒေသကြီးကော်မရှင် အဖွဲ့ခွဲတွေက အတည်ပြုသွားမှာဖြစ်ပြီး လွှတ်တော်အလိုက် ကြေညာသွားမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်တွေ ကြေညာသွားဖို့အတွက်လည်း မီဒီယာစင်တာ နှစ်ခုကို ဖွင့်လှစ်သွားဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်နေပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲရလဒ်တွေ ကြေညာနိုင်ဖို့က သီတင်း ၂ ပတ်လောက်ကြာ နိုင်တယ်လို့ ဦးတင်အေးက ဆက်ပြောပါတယ်။

"မီဒီယာစင်တာကနေပြီးတော့  ရလဒ်တွေ များရင်တော့ နာရီတိုင်း ၊ နည်းရင်တော့ ၂ နာရီ တကြိမ် သို့မဟုတ် ၃ နာရီ ၁ ကြိမ် အနိုင်အရှုံးတွေကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ နောက်ဆုံး ဘယ်လောက်မှာ ပြီးသွားနိုင်လဲဆိုတော့ ခန့်မှန်းတာပေါ့၊ ကျနော်တို့ ကချင်ပြည်နယ်မှာဆိုရင် ချင်းပြည်နယ်မှာဆိုရင် ၁၀ ရက်လောက် လမ်းလျောက်ရပါတယ်။ စက်နဲ့ပြောလည်း ရလဒ်ကတော့ရပါတယ်။ သို့သော်လည်းနောက်ဆုံးအတည် မဖြစ်ပါဘူး။ ကျနော်တို့ဆီ ပုံစံ ၁၆ ရောက်လာပြီးမှသာ အတည်ပြု ကြေညာသွားမှာ ဖြစ်ပါတယ်။ ပုံစံ ၁၆ ရောက်အောင် စောင့်ရမှာဖြစ်တဲ့အတွက် တချို့လည်း ၂ ပတ်လောက် ကြာနိုင်ပါတယ်။ ၂ ပတ်အတွင်းမှာတော့ တနိုင်ငံလုံးရလဒ်တွေကို ထုတ်ပြန်ပေးနိုင်အောင် ကြိုးစားနေပါတယ်"

တနိုင်ငံလုံးအနေနဲ့ မဲရုံပေါင်း ၄ သောင်းကျော်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူပေါင်း ၃၃ သန်းကျော်ရှိ တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013