DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် ၄ မြို့နယ် ရွေးကောက်ပွဲဖျက်သိမ်းမှု ကျးခေါင်းပါတီ အပြင်းအထန်ကန့်ကွက်
DVB
·
October 28, 2015
ရှမ်းပြည်နယ် ၄ မြို့နယ် ရွေးကောက်ပွဲဖျက်သိမ်းမှု ကျးခေါင်းပါတီ အပြင်းအထန်ကန့်ကွက်
Donate to DVB

ရှမ်းပြည်နယ် မြို့နယ် ၄ မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်ကို  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း) ပါတီက အပြင်းအထန်ကန့်ကွက်လိုက်ပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိလို့ ဆိုပြီး  လတ်တလော တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီး၊ တန့်ယန်းနဲ့ ဟိုပန်မြို့နယ်ထဲမှာ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ထုတ်ပြန်လိုက်တဲ့အပေါ် ကန့်ကွက်လိုက်တာပါ။

ဒီကြေညာချက်ဟာ နယ်မြေအခြေအနေကို သေချာလေ့လာသုံးသပ်ခြင်းမရှိဘဲ ရွေးကောက်ပွဲနိုင်ဖို့ မျှော်လင့်ချက်မရှိတဲ့  အတိုက်အခံမဟုတ်တဲ့ ပါတီတခုရဲ့ တင်ပြချက်အပေါ် အခြေပြီး စဉ်းစားဆုံးဖြတ်တာဖြစ်ကြောင်းနဲ့ လက်တွေ့ မိုင်းရှူးနဲ့ ကျေးသီးမြို့နယ် နှစ်ခုမှာသာ တပ်မတော်ရဲ့ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲဖြစ်ပွားနေတာလို့ ကျးခေါင်းပါတီက ပြောပါတယ်။

ဒ့ါအပြင် ရွေးကောက်ပွဲ မလုပ်ဖို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူ့ဆန္ဒအရ ရွေးချယ်တင်မြှောက်တဲ့ အရပ်သားအစိုးရပေါ်ပေါက်ရေးကို ဟန့်တားရာ ရောက်တဲ့အကြောင်းနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေ ၇၅ ရာခိုင်နှုန်း ပြည့်မီခြင်းမရှိစေဖို့နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို နှောင့်နှေးခက်ခဲအောင် တမင်ကြံရွယ် လုပ်ဆောင်တာလို့ ကျားခေါင်းပါတီရဲ့ ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံကြေညာထားတဲ့ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ နယ်မြေတွေကတော့ မိုင်းရှူးမြို့နယ်တခုလုံး၊ ကျေးသီး မြို့နယ်တခုလုံး၊ တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၈ အုပ်စု၊ ဟိုပန်မြို့နယ် နမ့်တစ်မြို့ရှိ ရပ်ကွက် ၅ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၃၇ အုပ်စုပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013