DVB Logo
Home
မြန်မာသတင်း
ခရီးသွားမည့် ၀န်ထမ်းများ အောက်တိုဘာ ၂၉ ရက်ကစ ကြိုတင်မဲ ပေးနိုင်
DVB
·
October 28, 2015
ခရီးသွားမည့် ၀န်ထမ်းများ အောက်တိုဘာ ၂၉ ရက်ကစ ကြိုတင်မဲ ပေးနိုင်
Donate to DVB

ရွေးကောက်ပွဲရက်မတိုင်မီ တာဝန်နဲ့ ခရီးသွားဖို့ရှိတဲ့ ၀န်ထမ်းတွေကို အောက်တိုဘာ ၂၉ ရက်ကစပြီး ကြိုတင်မဲပေးဖို့ ခွင့်ပြုသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။

ဒါ့အပြင် မဲရုံတာဝန်ကျသူတွေနဲ့ ရွေးကောက်ပွဲရက်မှာ ခရီးထွက်ဖို့ ရှိနေသူတွေကိုတော့ နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးတွေမှာ ကြိုတင်မဲပေးခွင့်ပြုမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မဲရုံကို ကိုယ်တိုင်မလာရောက်နိုင်တဲ့ ရောဂါဝေဒနာ ခံစားနေရသူတွေ၊ အသက်အရွယ် ကြီးရင့်နေသူတွေ၊ သားဖွားနေသူတွေ၊ ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသူတွေနဲ့ အချုပ်ခံနေရသူတွေ အတွက်တော့ ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာ ၈ ရက်နေ့မတိုင်မီ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂ ဦးကို စေလွှတ်ပြီး ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ကြိုတင်ဆန္ဒမဲပေးပြီးတဲ့ လက်မှတ်တွေကို စာအိတ်ထဲ သေချာစွာပိတ်ကာ လုံခြုံရေးကြိုးဖြင့် ပိတ်ထားတဲ့ မဲပုံးအတွင်းသို့ထည့်ကာ မဲပုံးကို လူမြင်နိုင်တဲ့နေရာမှာ  စောင့်ကြပ်ထိန်းသိမ်းထားမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ မဲရုံမဖွင့်မီ ကြိုတင်ဆန္ဒမဲတွေ ထည့်ထားတဲ့ မဲပုံးကို မဲရုံမှူးထံ အပ်နှံမှာဖြစ်ပြီး အပ်နှံထားတဲ့ ကြိုတင်ဆန္ဒမဲမှအပ မဲရုံကို နောက်ကျရောက်လာတဲ့ ကြိုတင်မဲတွေကိုတော့  ပယ်မဲအဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာတော့ အာဏာရ ပြည်ခိုင်ဖြိုးပါတီဟာ သန်းခေါင်ယံ ကြိုတင်မဲတွေနဲ့ အနိုင်ယူခဲ့တာကြောင့် အပြင်းအထန် ဝေဖန်ခံခဲ့ရတာပါ။

လာမယ့် ရွေးကောက်ပွဲမှာတော့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေနဲ့  မီဒီယာတွေအနေနဲ့ ကြိုတင်မဲပေးတာကို စောင့်ကြည့်လေ့လာ ကြည့်ရှုနိုင်တယ်လို့လည်း ကော်မရှင်က ဆိုပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက်တော့ နိုင်ငံပေါင်း ၃၇ နိုင်ငံရှိ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ကြိုတင်မဲပေးပွဲတွေ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013