DVB Logo
Home
မြန်မာသတင်း
၉၀ ရွေးကောက်ပွဲလို အာဏာလွှဲမပေးဘဲ နှိပ်ကွပ်မှုမျိုး ထပ်မဖြစ်ဟု ဦးသိန်းစိန် ကတိပြု
DVB
·
October 28, 2015
၉၀ ရွေးကောက်ပွဲလို အာဏာလွှဲမပေးဘဲ နှိပ်ကွပ်မှုမျိုး ထပ်မဖြစ်ဟု ဦးသိန်းစိန် ကတိပြု
Donate to DVB

၁၉၉၀ ရွေးကောက်ပွဲတုန်းကလို အနိုင်ရတဲ့ပါတီကို အာဏာမလွှဲပေးဘဲ နှိပ်ကွပ်ခဲ့တာမျိုး နောက်တကြိမ် ထပ်မဖြစ်တော့ဘူးလို့ သမ္မတ ဦးသိန်းစိန်က ဘယ်ပါတီပဲ အနိုင်ရသည် ဖြစ်ပါစေ ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းတာပဲ ဖြစ်လာမယ်လို့ ပြောကြားလိုက်ပါတယ်။

အမေရိကန် ရုပ်သံ CBS TV Network က တင်ဆက်တဲ့  နာမည်ကျော် ၆၀ မိနစ် (60 minutes) အစီအစဉ်မှာ သမ္မတ ဦးသိန်းစိန်က လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတ မယ်လို့ ယုံကြည်တယ်လို့လည်း ပြောပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ကြားက ဆက်ဆံရေးကလည်း မိတ်ဖက် မဟုတ်ရင်တောင်၊ ရန်သူတွေ မဟုတ်ကြဘူးလို့လည်း ပြောပါတယ်။

၆၀ မိနစ်  အစီအစဉ်မှာ  သမ္မတ ဦးသိန်းစိန်အပြင် ဒေါ်အောင်ဆန်းစုကြည်၊ အရှင်ဝိရသူတို့နဲ့ လည်း တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရောက်နေတာ မဟုတ်ဘဲ၊ စစ်ဗိုလ်ချုပ်တွေအလိုကျ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရောက်တာသာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာ သူမျှော်မှန်းထားတဲ့ ဒီမိုကရေစီ နိုင်ငံတော်မျိုး မဟုတ်ဘူးလို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013