DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများ တရားရုံးကို အယုံအကြည် မရှိသဖြင့် ရှေ့နေပါဝါ ရုပ်သိမ်း
DVB
·
October 27, 2015
သပိတ်မှောက်ကျောင်းသားများ တရားရုံးကို အယုံအကြည် မရှိသဖြင့် ရှေ့နေပါဝါ ရုပ်သိမ်း
1 / 2
Donate to DVB

သာယာဝတီထောင်မှာ ဖမ်းဆီး တရားစွဲခံနေရတဲ့ သပိတ်မှောက်ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေကို ဒီကနေ့ ထပ်မံရုံးထုတ်ရာမှာ အစိုးရရဲ့ တရားစီရင်ရေးစနစ်ကို အယုံအကြည်မရှိလို့ဆိုပြီး ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၈ ဦးက ရှေ့နေပါဝါ ပြန်ရုပ်သိမ်းလိုက်ပါတယ်။

[caption id="attachment_118819" align="aligncenter" width="650"]ဓာတ်ပုံ - အေဘီအက်ဖ်အက်စ်ယူ ဓာတ်ပုံ - အေဘီအက်ဖ်အက်စ်ယူ[/caption]

ဒီနေ့တရားခွင်မှာ သွားရောက်ခဲ့တဲ့ ကျောင်းသားတွေရဲ့ ရှေ့နေ ဦးလှမျိုးမြင့်က “တရားခွင်မှာ ကိုသန်းထိုက်ကနေ ဦးဆောင်ပြီးတော့ ရှေ့နေပါဝါပြန်ရုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတရားစီရင်ရေးစနစ်ကို အယုံအကြည်မရှိဘူး။ တရားရုံးကို အယုံအကြည်မရှိဘူး ဆိုပြီးတော့ ပါဝါရုပ်ကြောင်းကို စာနဲ့တင်ပြီးတော့ ထထွက်သွားကြတယ်။ အဓိပ္ပါယ်က ရှေ့နေမငှားတော့ဘူးပေါ့။ တနည်းအားဖြင့် တရားရုံးကို သူတို့က ဆန့်ကျင်တာပေါ့။ ဒီတရားစီရင်ရေးစနစ်ကို အယုံအကြည်မရှိဘူး။ တရားရုံးမှာ အမှုလည်း ဆက်ပြီးလည်း အစစ်မခံဘူး။ ရှေ့နေတွေကိုလည်း အမှုမအပ်တော့ဘူး။ သူတို့အတွက် ဆောင်ရွက်ပေးဖို့မလိုဘူးဆိုတဲ့ ပါဝါပြန်ရုပ်တယ်ဆိုတဲ့ စာတင်တယ်။”

ရှေ့နေပါဝါ ပြန်ရုပ်သိမ်းသွားသူတွေကတော့ ဗကသကျောင်းသားတွေဖြစ်တဲ့ ကိုသန်းထိုက်၊ ကိုမန်နော်၊ ကိုဆွေလင်းထွန်း၊ ကိုမျိုးထက်ပိုင်၊ ကိုခန့်အောင်တို့ ၅ ဦးနဲ့ ၀န်းရံပြည်သူ ကိုမျိုးမြတ်စံ၊ ကိုသိန်းနဲ့ ကိုမြတ်စိုးဦးတို့ ၃ ဦး ဖြစ်ပါတယ်။

ဒီကနေ့ရုံးထုတ်မှာ ကျန်းမာရေးမကောင်းတဲ့ ကိုငြိမ်းကျော်သူကတော့ ဦးနှောက်နဲ့ အာရုံကြောဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့အတွက် သူ့ကို အာမခံပေးလိုက်ပါတယ်။

ဒါ့အပြင် ဒီလ ၂၃ ရက်နေ့ကစပြီး ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကို လွှတ်ပေးဖို့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေတဲ့ ဗကသကျောင်းသား ကိုအောင်မှိုင်းဆန်းကလည်း ဒီကနေ့ ကျန်းကျန်းမာမာနဲ့ ရုံးထွက်လာပြီး မလွှတ်မချင်း ဆက်ပြီး အစာငတ်ခံ ဆန္ဒပြသွားမယ်လို့ ရုံးထုတ်မှာ ပြောဆိုခဲ့ပါတယ်။

အလားတူ တပ်မတော်သားအမတ်တွေ လွှတ်တော်ထဲက ထွက်သွားဖို့နဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒပြလို့ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ ခ တို့နဲ့ တရားစွဲဆိုခံရတဲ့ တကသကျောင်းသား ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကိုလည်း ဒီကနေ့ ရန်ကုန်မှာ ရုံးထုတ်ခဲ့ပေမယ့် အမှုမစစ်ဖြစ်ဘူးလို့ သူတိုရဲ့ ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။

“ဒီကနေ့ဟာ ကျောက်တံတားမြို့နယ် တရားရုံးက အမှုတွဲကို ပန်းဘဲတန်းမြို့နယ် တရားရုံးကို ပို့လိုက်တယ်။ ခရိုင်တရားသူကြီးရဲ့ အမိန့်အရပေါ့။ ခရိုင်တရားသူကြီးရဲ့ အမိန့်အရ အဲဒီအမှု ၂ မှုစလုံးကို ပန်းဘဲတန်းမှာပဲ စစ်တော့မယ်လေ။ ဒါကြောင့် ဒီနေ့က အမှုကို ပြန်ချိန်းလိုက်တယ်။ လာမယ့် ၃ ရက်နေ့ပေါ့။ နောက်ဆိုရင် အဲဒီ ၂ မှုစလုံးကို ပန်းဘဲတန်းမှာပဲ စစ်တော့မယ်။”

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်ကို ခရီးရှည် ချီတက် ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လက  လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွင်းပြီး သာယာဝတီထောင်မှာ ဖမ်းဆီးထားတာ ၈ လကြာ ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013