DVB Logo
Home
မြန်မာသတင်း
ကာလ၀မ်းရောဂါ ဖြစ်ပွားမှုကြောင့် ကြာအင်းဆိပ်ကြီးတွင် ၁၂ ဦးသေဆုံး
DVB
·
October 27, 2015
ကာလ၀မ်းရောဂါ ဖြစ်ပွားမှုကြောင့် ကြာအင်းဆိပ်ကြီးတွင် ၁၂ ဦးသေဆုံး
Donate to DVB

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့လပိုင်းတွေက ကာလ၀မ်းရောဂါ ဖြစ်ပွားမှုကြောင့် လူ ၁၂ ဦး သေဆုံးသွားတယ်လို့ နယ်လှည့်​ ကျောပိုး​အိတ် ကျန်း​မာ​ရေး​လုပ်သား​များ​အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တွေက ကျေးရွာပေါင်း ၅၀ လောက်မှာ ရိုးရိုးဝမ်းရောဂါရော ကာလ၀မ်းရောဂါပါ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားသူတွေဟာ ကြာအင်းဆိပ်ကြီးမြို့နယ် သပြူး၊ အောက်စခန်၊ အဇင်း၊ ကွီးလယ် အစရှိတဲ့ရွာတွေက ဖြစ်ပြီး ကလေးရော လူကြီးတွေပါ သေဆုံးသွားတာလို့ နယ်လှည့်​ ကျောပိုး​အိတ် ကျန်း​မာ​ရေး​ လုပ်သား​များ​အဖွဲ့က ဆရာ စောဒဲဒဲက ပြောပါတယ်။

“သေဆုံးသွားသူတွေက လူကြီးများတယ်။ အသက် ၆၀ ကျော်ရှိတယ်။ ၄၀၊ ၃၀ တွေလည်းပါတယ်။ အသက် ၁၃ နှစ်ကလေးလည်းပါတယ်။ တချို့ကတော့ အသက်မသိရဘူး။ သူတို့က ကာလ၀မ်းရောဂါကြောင့် သေတာပေါ့။”

အဓိက မသန့်ရှင်းတဲ့ရေကြောင့် ရွာသားတွေ ကာလ၀မ်းရောဂါတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရောဂါထိန်းချုပ်နိုင်ဖို့ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း ဆရာ စောဒဲဒဲက ပြောပါတယ်။

“အခုက ကျနော်တို့ ရောဂါမကူးစက်အောင် ကျန်တဲ့ ကျန်းမာရေးအဖွဲ့တွေဖြစ်တဲ့ BMA- Burma Medical Association၊ KDHW - Karen Department of Health and Welfare၊ FBR - Free Burma Rangers နဲ့ ကျနော်တို့ နယ်လည့်ကျောပိုးအိတ် ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး သွားတာပေါ့နော်။ ရောဂါမကူးစက်အောင် ရွာထဲသွားပြီး ဖြစ်တဲ့အကြောင်းအရင်းက ဘာလဲပေါ့။ ရေမသန့်ရင် ကလိုရင်း လိုက်ဖြန့်ပေးတယ်။ သောက်သုံးရေထဲမှာပေါ့။ ပြီးတော့ ဖြစ်တဲ့လူတွေကို လိုက်ကုပေးတယ်ပေါ့။ အဓိက ကလိုရင်းပေါ့ မသန့်ရှင်းတဲ့ရေတွေကြောင့် ဖြစ်တာဆိုတော့ ကျနော်တို့ ကလိုရင်းတွေ လိုက်ဝေပေးတာပေါ့။”

ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက ခုချိန်ထိ လူပေါင်း ၂၀၀ ကျော်လောက်မှာ  ရောဂါကူးစက်ခံခဲ့ရပြီး အောက်တိုဘာလထဲမှာတော့ ရောဂါကူးစက်မှုတွေ လျော့နည်းသွားပြီလို့လည်း နယ်လှည့်ကျန်းမာရေး လုပ်သားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013