DVB Logo
Home
မြန်မာသတင်း
ရနောင်းလူသတ်မှု သံသယဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာလူငယ် ၁ ဦး ပြန်လွတ်
DVB
·
October 27, 2015
ရနောင်းလူသတ်မှု သံသယဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာလူငယ် ၁ ဦး ပြန်လွတ်
Donate to DVB

ထိုင်းတောင်ပိုင်း ရနောင်းမြို့မှာ အထက်တန်းကျောင်းသူတဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးထဲက ၁ ဦးကို  ပြန်လွှတ်ပေးလိုက်ပြီ  ဖြစ်ပါတယ်။

အခုလွတ်လာတဲ့ ကျော်ရဲဦးဆိုသူ လူငယ်ဟာ လူသတ်မှုဖြစ်ချိန်မှာ အိမ်မှာပဲရှိနေတဲ့အတွက် သက်သေမခိုင်လုံလို့ အောက်တိုဘာ ၂၅ ရက်နေ့ ညနေ ၄ နာရီလောက်က ပြန်လွတ်လာတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဦးမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“အက်ပဲလ်လို့ခေါ်တဲ့ ထိုင်း-မြန်မာ ကပြားမလေး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ကျော်ရဲဦးနဲ့ မိုးဇင်အောင်တို့ ညီအစ်ကို နှစ်ယောက်ကို ပြီးခဲ့တဲ့ ၂၀ ရက်နေ့က ဖမ်းထားတာ၊ အစ်ကိုဖြစ်တဲ့ ကျော်ရဲဦးက အဲဒီနေ့ ညနေ ၆ နာရီကတည်းက အိမ်မှာရှိနေတယ်၊ ဘယ်မှမသွားဘူး၊ အဲဒါနဲ့ သက်သေမခိုင်လုံလို့ မနေ့က ပြန်လွှတ်ပေးလိုက်ပြီ။ ဒါပေမယ့် သူတို့လိုအပ်ရင် ပြန်ခေါ်မယ်လည်းပြောတယ်။ အခုကျန်သေးတဲ့ သူ့ညီ မိုးဇင်အောင်လည်း လူသတ်မှုဖြစ်တုန်းက အလုပ်ရုံမှာ ပုစွန်ရွေးနေတယ်လို့ သူ့အလုပ်ရှင်က ပြောတယ်။ စီစီတီဗွီကင်မရာကို ရဲက ယူသွားပြီလို့ ပြောတယ်။”

လူသတ်မှုဖြစ်ပွားချိန်ဟာ စက်တင်ဘာ ၂၈ ရက် ည ၇ နာရီ ၃၇ မိနစ်ဖြစ်ပြီး မိုးဇင်အောင်မှာ ည ၈ နာရီကျော်မှ အလုပ်ကပြန်လာကြောင်း အလုပ်ရှင်နဲ့ သက်ဆိုင်ရာ မိသားစုတွေက ပြောတယ်လို့လည်း ဦးမင်းဦးက ဆက်ပြောပါတယ်။

“ကျနော်တို့ကတော့ ကလေးတွေ တကယ်မကျူးးလွန်ဘဲနဲ့ အပြစ်ပေးခံရမှာ၊ ရဲလက်ထဲရောက်နေတဲ့ စီစီတီဗွီကင်မရာ အထောက်အထားတွေ တခုခုလုပ်ပစ်မှာကိုလည်း စိုးရိမ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာ ထိုင်းရဲတွေက သူတို့ မသင်္ကာဘူးဆိုရင် ဖမ်းချင်တဲ့လူကို ဖမ်းတယ်၊ စစ်ချင်တဲ့လူ ခေါ်စစ်တယ်၊ အထူးသဖြင့် မြန်မာအလုပ်သမားတွေ၊ အမှန်က ကျနော်တို့ သိထားတာက မသင်္ကာရင် ၄၈ နာရီထိပဲ ချုပ်ထားခွင့်ရှိတာလေ၊ အခုက ၅ ရက်တောင်ရှိပြီ။”

ရနောင်းလူသတ်မှုမှာ အဲဒီအနီးတ၀ိုက်က မသင်္ကာသူတွေကို ရဲက ဖမ်းဆီးစစ်ဆေးနေတာမှာ မြန်မာအလုပ်သမား အနည်းဆုံး ၄ ဦး ဖမ်းဆီးခံထားရပြီး လောလောဆယ် ၁ ဦး လွတ်လာတာကြောင့် နောက်ထပ် ၃ ဦး ကျန်ရှိနေပါတယ်။

ရနောင်းမြို့ ဘန်လင်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် နန်းဆောင် အောလ၀ီ ဖမ်ဖောဝ်းထောင်း ခေါ် အက်ပ်ပဲလ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က  တကိုယ်တည်း လမ်းလျှောက်ပြီး သူငယ်ချင်းဆီကို အလည်သွားစဉ် ရပ်ကွက် ဘုန်းကြီးကျောင်းအနီး လမ်းကြားမှာ ဒဏ်ရာ ၁၇ ခုနဲ့ သေဆုံးသွားခဲ့တာပါ။

ထိုင်းသတင်းတွေမှာတော့ ဒီအမှုမှာ ဖမ်းဆီးထားခံထားရတဲ့ သူတွေအနက်   မိုးဇင်အောင်ဆိုသူက အခင်းဖြစ်တဲ့ညမှာ သေဆုံးသူက သူ့ကို ကြမ်းတမ်းစွာ ဆဲဆိုတဲ့ အတွက် လူသတ်မှုကျူးလွန်ရတယ်လို့ ၀န်ခံထားကြောင်း ဖော်ပြပါတယ်။

ဒီလူသတ်မှုမှာ ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်က ဖြစ်ရပ်မှန်နဲ့ ကွဲလွဲချက်တွေ ရှိနေကြောင်း၊ ဒါကြောင့် အမှုမှန်ပေါ်ပေါက်ရေး၊ မြန်မာအလုပ်သမားတွေဘက်က တရားမျှတမှု ရှိစေရေးအတွက် မြန်မာသံရုံးရဲ့ ပံ့ပိုးမှုနဲ့ ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမယ်လို့ ဦးမင်းဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013