DVB Logo
Home
မြန်မာသတင်း
ထိုင်းဆန်များ နယ်စပ်မှတဆင့် ပြည်တွင်းဈေးကွက်ဝင်ရောက်
DVB
·
October 27, 2015
ထိုင်းဆန်များ နယ်စပ်မှတဆင့် ပြည်တွင်းဈေးကွက်ဝင်ရောက်
Donate to DVB

ဆန်ဈေးကြီးမြင့်နေလို့ ထိုင်း-မြန်မာနယ်စပ်ကနေ ထိုင်းဆန်တွေ ပြည်တွင်းကို ၀င်ရောက်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မဲဆောက်နဲ့ ရနောင်းဘက်က ထိုင်းဆန်တွေ အဓိက ၀င်ရောက်နေတယ်လို့ ဆိုပါတယ်။
တနဿင်္ာရီတိုင်းဘက်က ဆန်ကုန်သည်တွေကလည်း ထိုင်းဘက်ကဆန်ကို ပြည်တွင်း တရားဝင်တင်သွင်းခွင့်ပြုဖို့လည်း တောင်းဆိုထားတာရှိပေမယ့် လက်ရှိမှာတော့ တင်ပို့ခွင့် ပြုထားခြင်း မရှိဘူးလို့ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များ အသင်းအနေနဲ့ ထိုင်းဆန်တင်သွင်းခွင့်ပြု တဲ့အခါ အခွန်ဘယ်လောက်ကောက်မလဲဆိုတာ ညှိနှိုင်းနေပြီး တင်သွင်းမှုအပေါ်မှာ အခွန်ရာခိုင်နှုန်း ၁၀ သို့မဟုတ် ၂၀ လောက်ပြောဆိုကြတာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

ပြည်ပဆန်တင်သွင်းလာတဲ့အခါ ဆန်ဈေးစပါးဈေး ကျဆင်းသွားနိုင်ပေမယ့် လယ်သမား တောင်သူတွေ တွက်ထိခိုက်မှုတွေ ရှိနိုင်တာအတွက် စိုးရိမ်မှုရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013