DVB Logo
Home
မြန်မာသတင်း
မြန်မာကျေးလက်ဒေသဖွံ့ဖြိုးရေး ဂျာမနီက ယူရိုငွေ ၂၅ သန်း ကူညီ
DVB
·
October 26, 2015
မြန်မာကျေးလက်ဒေသဖွံ့ဖြိုးရေး ဂျာမနီက ယူရိုငွေ ၂၅ သန်း ကူညီ
Donate to DVB

မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေးနဲ့ လျှပ်စစ်မီး ရရှိရေးအတွက် ဂျာမနီနိုင်ငံက အမေရိကန်ဒေါ်လာ ၂၈ သန်းနဲ့ညီမျှတဲ့ ယူရိုငွေ ၂၅ သန်း ငွေနဲ့ နည်းပညာ အကူအညီတွေ ပံ့ပိုးပေးမယ်လို့ ရန်ကုန်အခြေစိုက် ဂျာမနီသံရုံးက ထုတ်ပြန်ပါတယ်။

ဂျာမနီရဲ့ အကူအညီတွေထဲမှာ ကျေးလက်ဒေသတွေမှာ လျှပ်စစ်မီး ရေရှည်ရရှိရေးအတွက် ချေးငွေ ယူရို ၁၃ ဒသမ ၇ သန်းပေးဖို့နဲ့ ရခိုင်ပြည်နယ်က ရေဘေးသင့်ဒေသကို ကယ်ဆယ်ရေး အကူအညီတွေ ချက်ချင်းပေးဖို့ ယူရိုငွေ ၂ သိန်းခွဲ ပါဝင်ပါတယ်။

ဒါ့အပြင် အစိုးရက ဆောင်ရွက်နေတဲ့ တနိုင်ငံလုံး လျှပ်စစ်မီးရရှိရေး နိုင်ငံတော်စီမံကိန်းအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ၀န်ကြီးဌာနကို ယူရိုငွေ ၂ သန်းခွဲနဲ့ ရှမ်းပြည်နယ်မှာ စွမ်းရည်မြှင့်တင်ရေး၊ ရာသီဥတုပြောင်းလဲမှုဒဏ် ခုခံနိုင်ရေး၊  ငါးပုဇွန်မွေးမြူရေးနဲ့ စိုက်ပျိုးရေးတွေအတွက် ယူရိုငွေ ၂ သန်းခွဲ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဒေသမှာ ဘိန်းစိုက်ပျိုးမှုကို မှီခိုအားထားနေရတဲ့ မိသားစုတွေအတွက် တခြား အာမခံချက်ရှိတဲ့ ၀င်ငွေရအောင် ကူညီပေးဖို့၊ ဘိန်းစိုက်တောင်သူ အိမ်ထောင်စု ၁၅၀၀ လောက်ကို ကော်ဖီ၊ ငှက်ပျော၊ ပဲ စတဲ့ ဥပဒေဘောင်တွင်း ရေရှည်စိုက်ပျိုးရေးလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်နိုင်အောင် အကူအညီ အထောက်အပံ့တွေရဖို့လည်း ရည်မှန်းထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးမှာ မီးရထားကဏ္ဍ တိုးတက်အောင် ကူညီပေးသွားမှာဖြစ်ပြီး ကျေးလက်ဒေသတွေမှာ မိုဘိုင်းဖုန်းတွေ အားသွင်းနိုင်အောင်၊ သတင်းအချက်အလက်နဲ့ အသိပညာတွေရရှိဖို့ ရေဒီယိုနားထောင်နိုင်အောင် လျှပ်စစ်မီးရရှိရေး တိုးမြှင့်ဆောင်ရွက်ပေးမယ်လို့လည်း ဂျာမနီသံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013