DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ ကျင်းပရန် ၂ ပတ်သာလိုသော်လည်း ရွေးကောက်ပွဲ အသိပညာ အားနည်း
DVB
·
October 26, 2015
ရွေးကောက်ပွဲ ကျင်းပရန် ၂ ပတ်သာလိုသော်လည်း ရွေးကောက်ပွဲ အသိပညာ အားနည်း
Donate to DVB

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး နီးကပ်နေပြီဖြစ်ပေမယ့် ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တာတွေကို သိပ်မသိသေးတာက အခက်အခဲ ဖြစ်နေတယ်လို့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

“လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ် ၃ ယောက် မဲပေးရမယ်ဆိုတာ မသိကြဘူး။ လူတယောက်ကို တမဲပဲပေးရမယ်လို့ ထင်နေကြတယ်။ ဘယ်လိုမဲပေးရမယ်၊ တံဆိပ်တုံး ဘယ်လိုထုရမယ်ဆိုတာ အသိအားနည်းကြတယ်” လို့ လှိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။

အဲဒီအတွက် မဲဆန္ဒရှင် ပညာပေးတာကို မဲဆွယ်စည်းရုံးခွင့်ရတဲ့ စက်တင်ဘာ ၈ ရက်နေ့ကစပြီး လုပ်ဆောင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မှားယွင်းနေတဲ့ မဲစာရင်းတွေကြောင့် စာရင်းမှာ ပါဖို့အတွက်လည်း လုပ်ပေးနေရတယ်လို့ သူက ဆိုပါတယ်။

ပြီးတော့ လာမယ့်ရွေးကောက်ပွဲ မဲပေးရာမှာလည်း အရင်အကြိမ်တွေက မလုပ်ခဲ့တဲ့ တံဆိပ်နှိပ်ရမှာ ဖြစ်တဲ့အတွက် အမှားအယွင်းမဖြစ်အောင် လေ့ကျင့်ပေးနေတာတွေလည်း ရှိပါတယ်။

“ဒါကတော့ ရှင်းပြရတာပေါ့။ ပြည်သူတယောက်ဟာ မြန်မာလူမျိုးဖြစ်မယ်ဆိုရင် မဲ ၃ မဲ ပေးရမယ်။ ဘာမဲတွေ ဖြစ်တယ်ဆိုတာ သေသေချာချာ ရှင်းပြရပါတယ်။ မဲဆွယ်တာကိုတော့ အိမ်တိုင်ရာရောက် လုပ်နေတယ်။ မဲဆန္ဒရှင် ပညာပေးအလုပ်တွေအတွက်လည်း တခြားအဖွဲ့တွေက လုပ်နေပါတယ်” လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် ၁၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း   ဒေါက်တာစောလှထွန်းက ပြောပါတယ်။

လူထုကတော့ နိုဝင်ဘာ ၈ ရက်နေ့ မဲပေးရမယ်ဆိုတာ သိနေပြီး ဘယ်ကိုယ်စားလှယ်ကို မဲပေးရမယ်ဆိုတာ စဉ်းစားနေကြတယ်လို့လည်း သူက ဆိုပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ မဲစာရင်းစစ်ဖို့၊ မဲပေးဖို့ စတာတွေကို လူမှုအဖွဲ့အစည်းတွေက လှုံ့ဆော်နေသလို ရွေးကောက်ပွဲကိုလည်း စောင့်ကြည့်သွားကြဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013