DVB Logo
Home
မြန်မာသတင်း
အကြားအာရုံ မသန်စွမ်းသူများအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း (သတင်းဓာတ်ပုံ)
DVB
·
October 26, 2015
အကြားအာရုံ မသန်စွမ်းသူများအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း (သတင်းဓာတ်ပုံ)
1 / 5
Donate to DVB

နားမကြား လူမှုအဖွဲ့အစည်းအတွက် ရည်ရွယ်ပြုလုပ်တဲ့ A TOT Course for Voter Educators သင်တန်းကို iPACE နဲ့ မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MDCDA) တို့ ပူးပေါင်းပြီး အောက်တိုဘာ ၂၆ ရက်နဲ့ ၂၇ ရက်၊ ၂ ရက်ကြာ ရန်ကုန်မြို့၊ အမေရိကန်စင်တာမှာ ပြုလုပ်နေပါတယ်။

အဲဒီသင်တန်းကို ရန်ကုန်မြို့အခြေစိုက် နားမကြား လူမှုအဖွဲ့အစည်းတွေနဲ့ နားမကြားကျောင်းတွေက အဖွဲ့ဝင် ၂၁ ဦး တက်ရောက် ဆွေးနွေးကြပါတယ်။

iPACE ရဲ့ ၀ါရင့်ဆရာတွေက ပို့ချပေးပြီး သင်တန်းရဲ့ ရည်ရွယ်ချက်မှာ မဲပေးခြင်းဖြင့် နိုင်ငံရေးမှာ နားမကြားလူမှုအဖွဲ့အစည်းဝင်များရဲ့ ပါဝင်မှုကို မြှင့်တင်ပေးနိုင်ဖို့ ဖြစ်ပါတယ်။

သင်တန်းမှာ ရွေးကောက်ပွဲဆိုင်ရာ အသုံးအနှုန်းတွေ၊ ရွေးကောက်ပွဲစနစ်တွေနဲ့ ကိုယ်စားပြုရမယ့်သူတွေ၊ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုတွေနဲ့ စစ်ဆေးဆုံးဖြတ်ချက်ချတဲ့ ဖြစ်စဉ်တွေ၊ မဲပေးဖို့ အမည်စာရင်း သွင်းခြင်းတွေအပြင် ပြည်သူ့နီတိသင်ခန်းစာမှ သီးသန့်ကောက်နုတ်ထားတဲ့ သင်ခန်းစာတွေကို လေ့လာပြီး အပြန်အလှန် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - MDCDA

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013