DVB Logo
Home
မြန်မာသတင်း
သစ်ပင်ထဲ ပလပ်ထိုးသွင်းလိုက်ရုံဖြင့် စမတ်ဖုန်းများ အားသွင်းနိုင်တော့မည် (ရုပ်သံ)
DVB
·
October 26, 2015
သစ်ပင်ထဲ ပလပ်ထိုးသွင်းလိုက်ရုံဖြင့် စမတ်ဖုန်းများ အားသွင်းနိုင်တော့မည် (ရုပ်သံ)
Donate to DVB

ဒါက ကမ္ဘာအနှံ့ ရင်ဆိုင်နေရတဲ့  ပြဿ  နာပါ။ စမတ်ဖုန်းတွေ တရားလွန်ပေါသလောက် အားသွင်းစရာ အလုံအလောက်မရှိတဲ့ ပြဿ နာပါ။ ခုတော့ ချီလီနိုင်ငံက အင်ဂျင်နီယာကျောင်းသား ၃ ယောက်ရဲ့ ကျေးဇူးကြောင့် ဖုန်းအားသွင်းရတဲ့အလုပ်ဟာ ကိုယ့်အိမ်မှာစိုက်ထားတဲ့ သစ်ပင်ထဲ ပလပ်ထိုးသွင်းလိုက်ရုံနဲ့ အဆင်ပြေသွားတော့မှာပါ။ ၂၀၀၉ ခုနှစ်တုန်းက တပတ်တာလုံးပန်းရတဲ့ စာမေးပွဲကာလအတွင်း ဒီစိတ်ကူးကို ရခဲ့တာပါ။ ဖုန်းအားသွင်းဖို့ အသည်းအသန် လိုအပ်နေချိန်မှာ ကျောင်းသားတွေက စိတ်ကြည်အောင်နဲ့ လေကောင်းလေသန့်ရှူရအောင် ပန်းခြံထဲကို ဆင်းခဲ့ကြပါတယ်။ အဲ့အချိန်မှာပဲ သူတို့သဘောပေါက်သွားတာက အောက်ဆီဂျင်ထုတ်ပေးနေတဲ့ ဒီအပင်တွေဟာ စွမ်းအင်တွေကို ထုတ်ပေးနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

"အဲဒီနောက် ဒီအပင်တွေမှာ ဆော့ကတ်တွေ တပ်ရင်ရောဆိုတဲ့အတွေး ရလာတယ်။ စွမ်းအင်ထုတ်ပေးနိုင်တဲ့ အပင်တွေရော သက်ရှိတွေပါ ဒီလောက်များနေတာ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။"

ဒီလိုနဲ့ သူတို့ ၃ ယောက်ဟာ E-Kaia ဆိုတဲ့ ကိရိယာကို အစမ်းတီထွင်ကြည့်ပါတော့တယ်။ အလင်းမှီ အစာချက်လုပ်ငန်း လုပ်နေစဉ်မှာ ထုတ်လုပ်လိုက်တဲ့ စွမ်းအင်ကို ထိန်းချုပ်ပြီး လျှပ်စစ်ထုတ်ဖို့ ဇီဝလျှပ်စီးပတ်လမ်းကို မြေဆီထဲ မြှုပ်လိုက်ပါတယ်။ အဖွဲ့က ဒီကိရိယာက အပင်ရဲ့ သဘာဝစွမ်းအင် စုပ်ယူပုံကို ရှင်းပြခဲ့ပါတယ်။

"ဒီအပင်မှာ စက်ဝန်းတပတ် အပြည့်လည်တယ်။ အဲ့လိုလည်နေတုန်းမှာ ဒီကိရိယာကို ထည့်သွင်းဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုလုပ်လို့ အပင်ရဲ့ကြီးထွားနှုန်းကို မထိခိုက်ပါဘူး။ ဇီဝလျှပ်စီးပတ်လမ်းကမှ ဒါကို စုဆောင်းပြီး စွမ်းအင်အဖြစ်ပြောင်း၊ နောက်တော့ စားနှုန်းသက်သာတဲ့ လျှပ်စစ်အဖြစ် ထုတ်ပေးတာပါ။"

ဒီကိရိယာက စမတ်ဖုန်းတလုံးကို ၂ နာရီအတွင်း အားအပြည့် သွင်းပေးနိုင်ပါတယ်။ သူတို့အဖွဲ့က အခုလောလောဆယ်မှာ ဇီဝလျှပ်စီးပတ်လမ်းကို ချိန်ညှိမှုတွေ လုပ်နေပြီး ၂၀၁၆ နှောင်းပိုင်း ဈေးကွက်မှာ ဖြန့်ချိသွားဖို့ မျှော်လင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013