DVB Logo
Home
မြန်မာသတင်း
လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားအဖွဲ့များ ပန်ခမ်းတွင် ညီလာခံ ပြုလုပ်မည်
DVB
·
October 26, 2015
လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားအဖွဲ့များ ပန်ခမ်းတွင် ညီလာခံ ပြုလုပ်မည်
Donate to DVB

အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ လာမယ့် နိုဝင်ဘာ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ‘ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) ထိန်းချုပ်နယ်မြေဖြစ်တဲ့  ပန်ခမ်းမြို့မှာ ညီလာခံတရပ် ကျင်းပဖို့ရှိနေပါတယ်။

ဒီညီလာခံမှာ လာမယ့် ရွေးကောက်ပွဲအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အမြင်သဘောထားနဲ့ လာမယ့် အစိုးရသစ်နဲ့ ရှေ့ဆက် ဘယ်လိုညှိနှိုင်းဆောင်ရွက်မလဲ ဆိုတာကို ဆွေးနွေးဖို့ ဖိတ်ခေါ်တာလို့ ယူဒဗလျူအက်စ်အေရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးကျောက်ကော်အန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ကျနော်တို့ ပြည်တွင်းရွေးကောက်ပွဲထဲမှာ ဘယ်လိုအမြင်ရှိသလဲ၊ ဘယ်လိုရပ်တည်သလဲ။ နောက်တခုက လာမယ့် အစိုးရအသစ်နဲ့ တိုင်းရင်းသားပြဿနာတွေ လက်နက်ကိုင်အဖွဲ့နဲ့ ဘယ်လိုဖြေရှင်းမလဲ။ အဲဒီသဘောထားတွေ ဖလှယ်ရအောင်ပါ။”

ဒီညီလာခံကို ယူဒဗလျူအက်စ်အေကပဲ ဦးဆောင်ကျင်းပမှာဖြစ်ပြီး အစိုးရနဲ့ လက်မှတ်မထိုးသေးတဲ့အဖွဲ့ ၁၂ ဖွဲ့ဆီကို ဖိတ်စာတွေ ပေးပို့ထားပြီး ဖြစ်တယ်လို့လည်း ဦးကျောက်ကော်အန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းကလည်း  တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တွေဟာ ၀ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် ဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့မှာ ပြည်တွင်းငြိမ်းချမ်းရေး၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီညီလာခံမှာတော့ လတ်တလောအစိုးရနဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ (အာရ်စီအက်စ်အက်စ်၊ အက်စ်အက်စ်အေ) အဖွဲ့တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013