DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲနိုင်ရင် လယ်ယာမြေကိစ္စများဆောက်ရွက်ပေးမည်ဟု ဦးအောင်သိန်းလင်း ပြော
DVB
·
October 26, 2015
ရွေးကောက်ပွဲနိုင်ရင် လယ်ယာမြေကိစ္စများဆောက်ရွက်ပေးမည်ဟု ဦးအောင်သိန်းလင်း ပြော
Donate to DVB

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် မပြီးပြတ်သေးတဲ့ လယ်ယာမြေကိစ္စတွေကို ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို မြို့တော်ဝန်ဟောင်းတဦး ဖြစ်သူ ဦးအောင်သိန်းလင်းက ပြောကြားလိုက်ပါတယ်။

လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူတွေနစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်မှာ အဖွဲ့ဝင်တဦးအဖြစ်ဆောင်ရွက်နေတဲ့ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရရှိခဲ့ရင် မပြီးပြတ်သေးတဲ့ လယ်ယာမြေကိစ္စတွေကို ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သိန်းလင်း က“ပြည်ထောင်စုလွှတ်တော်ကနေ အစိုးရကို ပေးပို့ထားတာတွေ ရှိတယ်။ တချို့ကလည်း ပြီးပြီ။ တို့လို့တန်းလန်း ကျန်တာတွေလည်း ရှိတယ်။ ကျနော့် စဉ်းစားချက်က တကယ်လို့ လွှတ်တော်ထဲရောက်သွားရင်တော့ မပြီးပြတ်သေးတဲ့ နစ်နာမှု တင်ပြချက်တွေကို ပြီးပြတ်အောင် တွန်းအားပေးဆောင်ရွက်မယ်လို့ စိတ်ကူးထားတယ်”လို့ ပြောပါတယ်။

ဦးအောင်သိန်းလင်းဟာ ၂၀၁၅ ရွေးကောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သိန်းလင်း က “အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲမှာ ကျနော့်ကို သူတို့ရွေးပြီးနောက်ပိုင်းမှာ လွှတ်တော်ထဲမှာ ကျနော်ဟာ ပြည်သူ့တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့တယ်ဆိုတာကို သူတို့သိကြပါတယ်။ ဒါကြောင့် ၂၀၁၀ တုန်းက ကျနော့်ကို ရွေးလိုက်တာသည် အရွေးမှန်သွားတယ်။ လွှတ်တော်ထဲမှာ ကျနော့်ရဲ့ဆောင်ရွက်ချက်တွေဟာ ကျနော့်ရဲ့ ရပ်တည်ချက် စိတ်သဘောထားကို ထင်ဟပ်နေတာဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲမှာ ကျနော်ကိုပဲ ရွေးမယ်လို့ ယုံကြည်ထားပြီး ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဦးအောင်သိန်းလင်းဟာ လယ်ယာမြေပြဿ နာ နစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် အဖြစ် ပြည်သူ ၁၃၈၇၅ ဦးရဲ့ တင်ပြမှု ၁၇၁၅ စောင်ကို အစီရင်ခံစာအုပ် ၂၀ ပြုစုတင်ပြခဲ့တာကြောင့် လယ်သမားတွေအနေနဲ့ လျော်ကြေးငွေ ကျပ်ငွေ သိန်း ၆ သိန်းကျော်နဲ့ မြေဧက ၁၀၃၇၀ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့လည်း သူ့ရဲ့ မဲဆွယ်စည်းရုံးရာမှာ ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013