DVB Logo
Home
မြန်မာသတင်း
ဝမ်းသွားမည့်အချိန်ကို ခန့်မှန်းပေးနိုင်သည့် ကိရိယာ (ရုပ်သံ)
DVB
·
October 26, 2015
ဝမ်းသွားမည့်အချိန်ကို ခန့်မှန်းပေးနိုင်သည့် ကိရိယာ (ရုပ်သံ)
Donate to DVB

Dfree ကို သက်ကြီးပိုင်းတွေမှာ ဆီးဝမ်းမထိန်းနိုင်တဲ့ ပြဿ နာတွေကို လျှော့ချဖို့ ဒီဇိုင်းထုတ်ထားတာပါ။ ဒီပစ္စည်းကို တိုကျိုမြို့ပြင်မှာ ကျင်းပတဲ့ နောက်ဆုံးပေါ် အိုင်တီနဲ့ လျှပ်စစ်ပစ္စည်း အရောင်းပွဲတော်မှာ Triple W Japan ကုမ္ပဏီက ပြသခဲ့ပါတယ်။

"ဒီကိရိယာက ၀မ်းသွားတော့မှာကို ခန့်မှန်းနိုင်ပါတယ်။ အစာအိမ်ကို ထောက်လှမ်းပြီး အသံလွန်လှိုင်းတွေသုံးပြီး ကိုယ်တွင်းအင်္ဂါတွေကို စောင့်ကြည့်ပါတယ်။ ပြီးမှ စမတ်ဖုန်းတွေဆီ သတင်းအချက်အလက် ပေးပို့ပြီး ပုံရိပ်ထင်စေတာပါ။"

သုံးစွဲသူတွေကို ဘယ်အချိန်မှာ အိမ်သာတက်ရတော့မယ်ဆိုတာ ဒီကိရိယာက အသိပေးတဲ့အတွက် ဆီးဝမ်းမထိန်းနိုင်မှာကို စိုးရိမ်တဲ့ သောကတွေကို လျှော့ချပေးနိုင်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ Dfree ကို သုံးစွဲသူရဲ့ အောက်ခံဘောင်းဘီမှာ တပ်ဆင်ရမှာပါ။ ဒါပေမယ့် လာမယ့်နွေဦးမှာ မဖြန့်ချိခင် ချိန်ညှိ ပြင်ဆင်တာတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။

"ဒီကိရိယာနဲ့ အစာအိမ် အမြဲနီးကပ်နေအောင်လုပ်ဖို့ တိပ်ပဲသုံးရမလား၊ ခါးပတ်နဲ့တွဲရမလားဆိုတာ ကြည့်နေတုန်းပဲ ရှိပါသေးတယ်။ ဒါပေမယ့် သက်ကြီးရွယ်အို အတော်များများကတော့ ပွတ်တိုက်မိလို့ အရေပြား ရောင်ရမ်းမှာကို စိုးရိမ်ကြတယ်။ ဒီတော့ ဒီကိရိယာကို အန္တရာယ်ကင်းကင်းနဲ့ မြဲနေအောင် ဘယ်လိုတပ်ဆင်ရမလဲဆိုတာ ကြိုးစားနေတုန်းပါ။"

သက္ကရာဇ် ၂၀၆၀ မှာ ဂျပန်နိုင်ငံ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ပင်စင်စားတွေ ဖြစ်လာကြမှာပါ။ ဒါကြောင့် Triple W ကုမ္ပဏီက Dfree ကိရိယာဟာ ဈေးကွက်အလားအလာရှိတယ်လို့ ယူဆထားပါတယ်။ ကလေးငယ်တွေ ဘယ်အချိန် ၀မ်းသွားမလဲဆိုတာ မိဘတွေကို နှိုးဆော်နိုင်မယ့် အလားတူစနစ်တခုကို တီထွင်ဖို့လည်း ဆန္ဒရှိနေပါတယ်။ အဲဒီကိရိယာဟာ ကလေးတွေ အိမ်သာထိုင်တဲ့ အလေ့အထရှိအောင် လေ့ကျင့်ရာမှာ အသုံးဝင်မယ်လို့ ယူဆထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013