DVB Logo
Home
မြန်မာသတင်း
လေယာဉ်ပြန်ပေးဆွဲ ဖြစ်ရပ်မှန် မြန်မာရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပြသ(ရုပ်သံ)
DVB
·
October 25, 2015
လေယာဉ်ပြန်ပေးဆွဲ ဖြစ်ရပ်မှန် မြန်မာရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပြသ(ရုပ်သံ)
Donate to DVB

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပထမဦးဆုံး လေယာဉ်ပြန်ပေးဆွဲ ဖြစ်ရပ်မှန်အကြောင်းကို ရိုက်ကူးထားတဲ့ “ရောင်နီဦး၏ အလင်းရောင်နဲ့အတူ” ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပြသပွဲကို အောက်တိုဘာလ ၂၄ ရက်က ရန်ကုန်  Junction Square မှာ ပြသသွားပါတယ်။

၁၉၅၄ ခုနှစ်  ဇွန်လ ၂၄ ရက်က  ရန်ကုန်- စစ်တွေ ပြေးဆွဲတဲ့ အစိုးရပိုင် မြန်မာလေကြောင်းလိုင်းလေယာဉ်ကို KNDO  ကရင်လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့  ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားမှာတော့ လူငယ်မျိုးဆက်သစ်တွေ ပွဲထုတ်ရိုက်ကူး ပါဝင်သရုပ် ဆောင်ထားကြတာဖြစ်ပြီး  ၂၀၁၅ အကယ်ဒမီ ပေးပွဲအမီ ရုံတင်ပြသနိုင်အောင် စီစဉ်ထားကာ  ၂၀၁၆ ခုနှစ် နှစ်ဦးပိုင်းမှာ တနိုင်ငံလုံး ပြသနိုင်အောင်စီစဉ်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေ ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေးရပြီး တိုင်းပြည်တိုးတတ်စေဖို့ ရည်ရွယ်ချက်နဲ့  ရိုက်ကူးခဲ့တာလို့ ဒါရိုက်တာ အဏ်ထော် နီက ဒီဗွီဘီကို ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို ၂၀၁၃ ခုနှစ်မှာ စတင်ရိုက်ကူးခဲ့ကာ အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၅  အောက်တိုဘာမှ မိတ်ဆက်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ရုပ်သံ - သူသူအောင်  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013