DVB Logo
Home
မြန်မာသတင်း
မြန်မာ ရွေးကောက်ပွဲကော်မရှင်ကို သြစတြေးလျက ဒေါ်လာ ၄ သန်းကူညီ
DVB
·
October 25, 2015
မြန်မာ ရွေးကောက်ပွဲကော်မရှင်ကို  သြစတြေးလျက ဒေါ်လာ ၄ သန်းကူညီ
Donate to DVB

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို  သြစတြေးလျနိုင်ငံက  ဒေါ်လာ ၄ သန်း တိုက်ရိုက်မဟုတ်တဲ့ အကူအညီတွေ  ပေးနေတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဌာနက  အက်စ်ဘီအက်စ် သတင်းကို အတည်ပြုပြောပါတယ်။

မြန်မာရွေးကောက်ပွဲကော်မရှင်ရဲ့ စွမ်းဆောင်ရည်မြှင့်တင်ကူညီပေးဖို့ နိုင်ငံတကာေ၇ွးကောက်ပွဲ စနစ်များ ဆိုင်ရာ ဖောင်ဒေးရှင်းအဖွဲ့ကနေတဆင့် ဒေါ်လာ ၄ သန်း ထောက်ပံ့ပေးအပ်တာဖြစ်ပြီး ဒီထဲမှာ မဲရုံ အမှုထမ်းတွေကို လေ့ကျင့်သင်တန်းပေးဖို့ ဒေါ်လာ ၁သန်း ပါဝင်တယ်လို့ လည်းဆိုပါတယ်။

သြစတြေးလျနိုင်ငံဟာ လာမယ့်နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမယ့်  မြန်မာရွေးကောက်ပွဲ အတွက် ရန်ပုံငွေထည့်ဝင်ကူညီပေးနေပေမယ့်  လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲ ဖြစ်စေဖို့ အပြည့် အ၀ ဆောင်ရွက်ပေးတာမရှိဘူးလို့  အတိုက်အခံတက်ကြွလှုပ်ရှားသူတွေက သတင်းမှာ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013