DVB Logo
Home
မြန်မာသတင်း
ထိုင်းကျောင်းသူ အသတ်ခံရမှု သံသယဖြင့် မြန်မာလှေလုပ်သား ၂ ဦး ထပ်မံဖမ်းဆီးခံရ
DVB
·
October 25, 2015
ထိုင်းကျောင်းသူ အသတ်ခံရမှု သံသယဖြင့် မြန်မာလှေလုပ်သား ၂ ဦး ထပ်မံဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ရနောင်းမြို့က အထက်တန်းကျောင်းသူတဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာလှေလုပ်သား ၂ ဦးကို ထပ်မံဖမ်းဆီးလိုက်ပါတယ်။

အသက် ၂၀ အရွယ် မန်ဆန်ကို ဖက်ရတန်နခွန်ငါးဖမ်းလှေပေါ်မှာ ဖမ်းမိခဲ့တာ ဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ကျော်စိုးဝင်းကိုတော့ သွန်တမ်းငါးဖမ်းလှေပေါ်မှာ ဖန်ငခရိုင်တွင်း ရေမိုင် ၁၃ မိုင်အကွာမှာ အောက်တိုဘာလ ၂၃ ရက်နေ့ညပိုင်းမှာ ရနောင်းခ ရိုင်၊ ဖန်ငခရိုင်နဲ့ အမှတ် ၈ ဒေသဆိုင်ရာရဲဌာနတွေ ပူပေါင်းပြီး ဖမ်းဆီးခဲ့ကြတာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့ ၂ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ကူရဘူရီခရိုင်တရားရုံးကို ခေါ်သွားခဲ့ပြီး  အသက် ၁၉ နှစ်အရွယ် ကျောင်းသူ နန်းဆောင် အောလ၀ီ ဖမ်ဖောဝ်းထောင်း အသတ်ခံရမှုနဲ့ပတ်သက်ပြီး စစ်ဆေးအရေးယူသွားမယ်လို့ ရနောင်းခရိုင်ရဲတွေက ပြောပါတယ်။

ရနောင်းမြို့ ဘန်လင်းရပ်ကွက်မှာ နေထိုင်သူ နန်းဆောင်အောလ၀ီဖမ်ဖောဝ်းထောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က တဦးတည်း လမ်းလျှောက်ပြီး သူငယ်ချင်းဆီကို အလည်သွားစဉ် ရပ်ကွက်ဘုန်းကြီးကျောင်းအနီး လမ်းကြားမှာ ဒဏ်ရာပေါင်း ၁၇ ခုနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးတွေ့ရှိချက်တွေအရ သူရဲ့ပိုက်ဆံအိတ်ထဲမှာ တခြားလက်နက် မတွေ့ရပဲ စမတ်ဖုန်းတလုံးနဲ့ ဘတ်ငွေ ၂၀၀ သာပါ ရှိတယ်လို့ ရဲတွေက ဆိုပါတယ်။

စုံစမ်းစစ်ဆေးသူတွေဟာ ဒီဖြစ်ရပ်မှာ သေဆုံးသူဆီက ဓားပြတိုက်ကျူးလွန်ပုံမျိုး မဟုတ်ပဲ ကိုယ်ရေးကိုယ်တာ စိတ်ခံစားမှုကြောင့် ဖြစ်နိုင်တယ်လို့ ယုံကြည်ကြောင်း ရနောင်းခရိုင်ရဲချုပ် ဆွန်ချိုင်အင်ချိုင်က ပြောပါတယ်။

ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂၀ ရက်နေ့က မြန်မာလှေလုပ်သား ၂ ဦးဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် ဇော်ရဲ နဲ့ မိုးဇင်အောင်တို့ကို ဖန်ငခရိုင် ခုရဘူရီမြို့က ငါးဖမ်းလှေပေါ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013