DVB Logo
Home
မြန်မာသတင်း
လွှတ်တော် အစည်းအဝေးများ နိုဝင်ဘာ ၁၆ ပြန်စမည်
DVB
·
October 25, 2015
လွှတ်တော် အစည်းအဝေးများ နိုဝင်ဘာ ၁၆ ပြန်စမည်
Donate to DVB

ရေဘေးကြောင့် ရပ်နားထားတဲ့ လွှတ်တော်အရပ်ရပ် အစည်းအဝေးတွေကို ရွေးကောက်ပွဲအပြီး လာမယ့် နိုဝင်ဘာ ၁၆ ရက် ပြန်စမယ်လို့ လွှတ်တော် ဥက္ကဋ္ဌတွေက အသီးသီး ကြေညာလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ရဲ့ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေကို မနက် ၁၀ နာရီ စတင်မှာ ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုတော့ နေ့လယ် ၁ နာရီခွဲ စတင်မှာပါ။

လွှတ်တော်ကိုယ်စားလှယ်တွေကို အစည်းအဝေးလာတက်ဖို့ ဖိတ်ကြားထားပြီး ဖိတ်စာရသည်ဖြစ်၊ မရသည်ဖြစ်စေ နိုဝင်ဘာလ ၁၅ ရက်နောက်ဆုံးထားပြီး သတင်းပို့ကြဖို့ လည်းညွန်ကြားထားပါတယ်။

မြန်မာနိုင်ငံတ၀န်းမှာ ဖြစ်ခဲ့တဲ့ ရေဘေးအကူအညီပေးဖို့နဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကိစ္စတွေ ကြောင့်ဆိုပြီး ကျင်းပနေဆဲ လွှတ်တော် အစည်းအဝေးကို သြဂုတ်လ ကုန်ပိုင်းမှာ  ရပ်နားခဲ့တာပါ။

လွှတ်တော်တွေအနေနဲ့ ဖြည့်စွက် ဘတ်ဂျက်အတည်ပြုတဲ့ ကိစ္စတွေ လုပ်ဖို့ရှိနေသေးပြီး မကြာသေးခင်ကမှ ပြဋ္ဌာန်းလိုက်တဲ့ တစ်လင်တစ်မယားစနစ်နဲ့ ပတ်သက်ပြီးတော့လည်း ပြန်ဆွေးနွေးဖို့ ရှိနေတယ်လို့ လွှတ်တော်ကော်မတီဝင် တစ်ချို့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013