DVB Logo
Home
မြန်မာသတင်း
လူငယ်များ မူးယစ်ဆေး မသုံးစွဲကြရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး
DVB
·
October 24, 2015
လူငယ်များ မူးယစ်ဆေး မသုံးစွဲကြရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး
1 / 9
Donate to DVB

လူငယ်တွေအနေနဲ့ ဘ၀တခုလုံး ပျက်စီးသွားစေနိုင်တဲ့ မူးယစ်ဆေးသုံးစွဲတာတွေ မလုပ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးခရီးစဉ် ကော့မှူးမြို့နယ် မှော်တောကျေးရွာ ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောကြားလိုက်တာပါ။

“ကျမတို့ လူငယ်တွေအားလုံး ဒီကိစ္စနဲ့ပတ်သတ်ပြီး သတိထားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့တဘဝလုံးကို ပျက်စီးသွားနိုင်တယ်။ လူငယ်တွေ သေသေချာချာ နှလုံးသွင်းပါ။ အရက်သေစာသောက်တာ၊ မူးယစ်ဆေးဝါးသုံးတာက တခဏပဲ စိတ်သက်သာရတယ်၊  တဘဝလုံးပျက်သွားနိုင်တယ်ဆိုတာ သေသေချာချာနှ လုံးသွင်းဖို့ကို ကျမကသတိပေးချင်ပါတယ်” လို့ ပြောပါတယ်။

မူးယစ်ဆေးစွဲနေတဲ့ လူငယ်တွေအတွက်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်သွားမယ်လို့ ဆိုပါတယ်။

“အဲ့ဒါနဲ့ ပတ်သက်ပြီး ကျမတို့ ထိထိရောက်ရောက် အစီအစဉ်များချပြီးတော့၊ စီမံကိန်းတွေချပြီးတော့ ကျမတို့လူငယ်တွေ မသုံးစွဲရေး၊ စွဲသွားတဲ့ လူငယ်များကို ပြန်လည်ထူထောင်ရေး ဒီကိစ္စတွေကို ကျမတို့ အထူးအလေးထားပြီးတော့ လုပ်သွားပါမယ်” လို့ ပြောချင်ပါတယ်။

သတင်းဓာတ်ပုံ - ကောင်းထက်ကျော်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013