Homeသတင်းဓာတ်ပုံ
တီးတိန်တွင် ကြံ့ခိုင်ရေးပါတီက ပြည်နယ်လုံးဆိုင်ရာ လူထုတွေ့ဆုံပွဲ ပြုလုပ်မည် (ဓာတ်ပုံ)
တီးတိန်တွင် ကြံ့ခိုင်ရေးပါတီက ပြည်နယ်လုံးဆိုင်ရာ လူထုတွေ့ဆုံပွဲ ပြုလုပ်မည် (ဓာတ်ပုံ)
DVB
·
October 24, 2015
ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့နယ်အားကစားကွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်နယ်လုံးဆိုင်ရာ လူထုတွေ့ဆုံပွဲ ကျင်းပဖို့ စီစဉ်နေပါတယ်။
လူထုတွေ့ဆုံပွဲကို ကြံ့ခိုင်ရေးပါတီဗဟိုအလုပ်မှုဆောင် သူရဦးအေးမြင့်၊ ပါတီပြည်နယ်ဥက္ကဋ္ဌ ဦးခုမ်ငိုင်း၊ ပြည်နယ်ဘဏဏ္ဍာရေးဝန်ကြီး ဦးနန်စမုန်တို့ တက်ရောက်မှာဖြစ်ပါတယ်။
ချင်းပြည်နယ်အတွင်းရှိ ပလက်ဝကလွဲပြီး ကျန်မြို့နယ်တွေက ပါတီကိုယ်စားလှယ် ၃ ဦးကနေ ၁၀ ဦးထိ တက်ရောက်မှာဖြစ်ပြီး တွန်းဇံမြို့နယ်ကတော့ ပါတီဝင် အယောက် ၁၀၀ တက်ရောက်မယ်လို့ သိရပါတယ်။
ဓာတ်ပုံ - အောင်ကိုလတ်