DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂ၏ ၂၀၁၅ အလွန် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို မြန်မာကြိုဆိုထောက်ခံ
DVB
·
October 24, 2015
ကုလသမဂ္ဂ၏ ၂၀၁၅ အလွန် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို မြန်မာကြိုဆိုထောက်ခံ
Donate to DVB

နောက်မျိုးဆက်တွေအတွက် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်တဲ့ အနာဂတ်အတွက် မူဘောင်တွေပါဝင်တဲ့ ကုလသမဂ္ဂရဲ့ ၂၀၁၅ အလွန် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကို မြန်မာနိုင်ငံက ကြိုဆိုထောက်ခံတယ်လို့ သမ္မတ ဦးသိန်းစိန် ကပြောကြားလိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၄ ရက်မှာ  ကျရောက်တဲ့ ကုလသမဂ္ဂ  တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကိုပေးပို့တဲ့ သ၀ဏ်လွှာမှာ သမ္မတက ပြောကြားလိုက်တာပါ။

ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုသန်စွမ်းကြံ့ခိုင်ပြီး ပိုမိုကောင်းမွန်ပြည့်စုံတဲ့ ကမ္ဘာ့အဖွဲ့အစည်းဖြစ်စေဖို့ မြန်မာနိုင်ငံနဲ့အတူ အဖွဲ့ဝင်နိုင်ငံတွေ အားလုံး လက်တွဲပါဝင်ဖို့လည်း သမ္မတက ဖိတ်ခေါ်လိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကတော့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ လူသန်း ၇ ထောင်ရှိတဲ့ ကမ္ဘာ့မိသားစုတစ်ရပ်လုံးအတွက် လုပ်ငန်းများဆောက်ရွက်ပေးနေသလို  ကမ္ဘာမြေကိုလည်း စောင့်ရှောက်ပေးနေတဲ့အကြောင်း သ၀ဏ်လွှာထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ တာဝန်တွေကို အဆုံးစွန်ထိ စွန့်လွှတ် အနစ်နာခံ ထမ်းဆောင်ခဲ့ကြသူတွေရဲ့ တစိုက်မတ်မတ်ဆောင်ရွက်မှုတွေကို  နှစ် ၇၀ ပြည့် နှစ်ပတ်လည် အချိန်မှာ ဂုဏ်ယူ အသိအမှတ်ပြုတဲ့အကြောင်းလည်းပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013