DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် အမျိုးသမီးတဦးအလောင်းကို ဆာလာအိတ်ထဲထည့်ပြီး စွန့်ပစ် (ရုပ်သံ)
DVB
·
October 24, 2015
တာချီလိတ်တွင် အမျိုးသမီးတဦးအလောင်းကို ဆာလာအိတ်ထဲထည့်ပြီး စွန့်ပစ် (ရုပ်သံ)
Donate to DVB

တာချီလိတ်မြို့နယ်မှာ အမျိုးသမီးတဦးရဲ့ အလောင်းကို ဆာလာအိတ်ထဲထည့်ပြီး လာရောက်စွန့်ပစ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။

တာချီလိတ်မြို့နယ် ဖန်မင်အုပ်စု၊ ၀မ်ကျောက်လုံကျေးရွာအနီး၊ အေးချမ်းမြိုင်လမ်းကြားအတွင်းရှိ ၀ါးရုံတောအောက်မှာ လာရောက်ပစ်ချသွားခဲ့တာပါ။

အလောင်းကို အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ဗာဟုနဘုန်းတော်ကြီးကျောင်းရှိ ကိုရင်ငယ်တပါး ဆွမ်းခံပြန်ချိန် တွေ့ရှိလို့ အနီးရှိ ဒေသခံတဦးက တာချီလိတ် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာပါ။

သေဆုံးသွားသူဟာ အမျိုးသမီးဖြစ်ပြီး အလောင်းမှာ ပုပ်ပွနေတာကြောင့် မျက်နှာကိုလည်း ဘယ်သူဘယ်ဝါဆိုတာ မသိရသေးကြောင်း၊ သေဆုံးရတဲ့အကြောင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ တာချီလိတ်ရဲစခန်းက ပြောပါတယ်။

စစ်ဆေးစစ်ချက်အရ ပြင်ပဒဏ်ရာ မတွေ့တာကြောင့် သေဆုံးပြီးနောက် လာရောက်စွန့်ပစ်တာလည်း ဖြစ်နိုင်ကြောင်း တာချီလိတ်မြို့မစခန်းမှူး ဒုရဲမူး ကျော်သန်းက ပြောပါတယ်။

"ဘာကြောင့် သေလဲတော့ မပြောနိုင်ဘူး၊ ကိုယ်ဟာကိုသေတာလား၊ ဥပမာ ဆေးသုံးစွဲလွန်လို့ ကိုယ်ဟာကို သေတာလား၊ အဆိပ်ကြောင့်လာ မသိသေးဘူး၊ စစ်ဆေးဆဲပဲ ရှိပါသေးတယ်။"

အသတ်ခံရတဲ့ ရုပ်အလောင်းကို မဇ္ဈိမလူမှုကူညီရေးအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အမည်မသိအမျိုးသမီး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းက (ပ)၂၃၆/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်းရုပ်သံ - ကိုဇက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013