DVB Logo
Home
Lead Story
ဗိုလ်အောင်ဒင်ပြန်လာပြီဆိုပြီး မဲဆွယ်စည်းရုံးတဲ့ ဦးလှဆွေ (ရုပ်သံ)
DVB
·
October 23, 2015
ဗိုလ်အောင်ဒင်ပြန်လာပြီဆိုပြီး မဲဆွယ်စည်းရုံးတဲ့ ဦးလှဆွေ (ရုပ်သံ)
Donate to DVB

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၂ မှာ ကြံ့ခိုင်ရေးပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးလှဆွေဟာ အောက်တိုဘာ ၂၁ ရက်နေ့က ဂန့်ဂေါမြို့နယ်က ကျေးရွာအချို့မှာ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။

မဲဆွယ်စည်းရုံးဟောပြောရာမှာ ဦးလှဆွေဟာ ဒေသခံရွာသူရွာသားတွေကို ဟိုးအရင်ခေတ်တွေက နာမည်ကြီးခဲ့တဲ့ ဗိုလ်အောင်ဒင်ရုပ်ရှင် ဇာတ်ကားအကြောင်းပြောပြီး၊ သူ့ကိုယ်သူ ဗိုလ်အောင်ဒင်အနေနဲ့ ခိုင်းနှိုင်းကာ ဗိုလ်အောင်ဒင်ပြန်လာပြီ…...ဗိုလ်အောင်ဒင်ကို မဲထည့်ဖို့ စသဖြင့် မဲဆွယ်ဟောပြောခဲ့ပါတယ်။

“ရွာသူရွာသားတွေကို မှတ်မိအောင် တခုတော့ ပြောလိုက်ဦးမယ်။ အရင်တုန်းက ဗွီဒီယိုဆိုတာ ရုံနဲ့ ကြည့်ရတာမဟုတ်ဘူးလား။ အခုရောရှိသေးလား။ ဟော အိမ်တိုင်း အိမ်တိုင်းမှာ တီဗွီလေး မရှိဘူးလားဗျာ။ တီဗွီဇာတ်လမ်းထဲက ဗိုလ်အောင်ဒင်ဇာတ်လမ်း ကြည့်ဖူးလား။ ဗိုလ်အောင်ဒင်ရဲ့ ရည်းစားနာမည် ဘယ်သူတုန်း။ မမြ၀င်း….။ မကြောက်ပါနဲ့ မမြ၀င်းရယ်။ ဟုတ်လား…. ဗိုလ်အောင်ဒင်က မြ၀င်းကို ကြိုက်တယ်။ မမြ၀င်းကလည်း ဗိုလ်အောင်ဒင်ကို ကြိုက်တယ်။ သို့သော်လည်း မမြ၀င်းက ရည်းစားက နှစ်ယောက်။ နောက်တယောက်က ဘယ်သူလဲ… ဘချစ်။ ပုလိပ်၊ ပုလိပ်ဘချစ်ကိုလည်း ကြိုက်တယ်၊ ဗိုလ်အောင်ဒင်ကိုလည်း ကြိုက်တယ်။ သူ့ခဗျာ ဟိုလူ့ကြိုက်ရမလို၊ ဒီလူ့ကြိုက်ရမလို့ အဲဒီတော့ ဗိုလ်အောင်ဒင်က သူ့ကို မဲထည့်အောင် ပြောရတော့မှာ… မဟုတ်ဘူးလားဗျာ… ဗိုလ်အောင်ဒင်ပြောမယ်နော် နားထောင်မှာလား။ (ပရိသတ် ရယ်သံများ)  လာပြီ… ဗိုလ်အောင်ဒင်လာပြီ။ (ပရိသတ် ရယ်သံများ) စိတ်ဆင်းရဲခံပြီး လှေနံနှစ်ဖက်နှင်းမနေပါနဲ့ မမြ၀င်းရယ်… (ပရိသတ် ရယ်သံများ)  အစ်ကိုကြီးဘက်ကိုသာ ပြတ်ပြတ်သားသား နင်းချလိုက်စမ်းပါလို့ပြောရင်း နိဂုံးချုပ်ပါတယ်။  (ပရိသတ် ရယ်သံများ) ဗိုလ်အောင်ဒင် ပြန်တော့မယ်….. (ပရိသတ် ရယ်သံများ) ။”

ဦးလှဆွေ ပြောကြားချက် ရုပ်သံကြည့်ရှုရန်......

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013